အပိုင်း(၂)

512 45 16
                                    

သူ့တစ်ကိုယ်လုံး လေထဲလွင့်မျောနေသလို တိမ်တွေပေါ်မှာလမ်းလျှောက်နေရသလို ဖြစ်နေပြီး...နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာကနေ ပျော်ရွှင်မှုကို သူခံစားနေရသည်...

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိတော့...အပြုံးမျက်နှာကိုယ်စီနဲ့ လူများစွာကိုတွေ့သည်...မှတ်မှတ်ရရသေချာသတိထားမိသည်က...ရှေ့ဆုံးမှာ ထိုင်နေတဲ့ Mom ရယ်...မမရယ်..တူလေးရယ်...ပြီးတော့ ကိုယ့်ကိုယ် လက်သီးလက်မောင်းတန်းကာ ဂုဏ်ပြုနေတဲ့ Daeရယ်...
.
.
.
"ဟင်...ငါ....ဒါဒါ ငါ့မင်္ဂလာပွဲလား."
.
.
.
ရုတ်တရက်ဝင်လာတဲ့အသိစိတ်နဲ့အတူ...ခြေထောက်အောက် ငုံ့ကြည့်မိတော့..ကော်ဇောနီ...လျှောက်လမ်း...ပြီးတော့..ခန်းမထိပ်မှာ ရေးထားတဲ့ နာမည်နှစ်ခု..
.
.
*Choi Seung Hyun ❤ Kwon Ji Yong*
.
..
.
"Kwon Ji Yong...သူက ဘယ်သူလဲ...မိန်းကလေးလား?? 🤔😨"

တစ်ခါမှမကြားဖူးတဲ့ ထိုနာမည်သုံးလုံးလေးကြောင့်..သူကြောင်စီစီဖြစ်နေတုန်းရှိသေး..သွယ်လျလျ လက်တစ်စုံက သူ့လက်မောင်းကို လာချိတ်သည်..

သူမဝံ့မရဲ..ထိုဖြူသွယ်သွယ် လက်ပိုင်ရှင်ကို ကြည့်မိတော့...
.
.
~ဆံနွယ်အနီရောင်လေးတွေ~
.
.
ဘေးတစ်စောင်းအနေအထားနဲ့တင် perfect ဖြစ်၍ ချစ်ဖို့ကောင်းလွန်းသော..Kwon Ji Yong မည်သော..ထိုသတို့သမီး..မှားလို့ ထိုသတို့သားသည်..သူတွေ့ခဲ့သော..နတ်သားဖြစ်ကြောင်း ချက်ချင်းသတိပြုမိ၏...
.
.
.
"Omg...! အိပ်မက်မဟုတ်ပါစေနဲ့" 🙏
.
.
သူနှုတ်က တီးတိုးဆုတောင်းမိတော့...ထိုနတ်သားက သူ့ဘက်ကို လှည့်၍ စက္ကန့်ပိုင်းမျှသာ ကြာသော အပြုံးတစ်ခုကိုပေးသည်...

*ဂစ်ပီ 😭* (တကယ်တော့Author ဂစ်တာပါ 😁😂)

Seung Hyun ကြာကြာပင် မ ဂစ်လိုက်ရ..ဘယ်ကနေဘယ်လို လျှောက်လမ်းပေါ်ကနေသင်းအုပ်ဆရာဆီရောက်သွားမှန်းပင်မသိ...သူသတိထားမိတော့..ကတိသစ္စာတွေတောင်ဆိုပြီးနေပြီ..
.
.
"ကဲ တစ်ယောက်ကိုတစ်ယောက် အကြင်နာစပေးလို့ရပါပြီ"
.
.
သင်းအုပ်ဆရာရဲ့ကြေငြာသံထွက်လာတော့...သူကရင်ခုန်ပြီး..ဂဏှာမငြိမ်ဖြစ်နေသလောက် ဟိုကလေးကိုကြည့်လိုက်တော့...သွေးမရှိသလို ဖြူဖတ်ဖြူလျော်မျက်နှာဖြစ်နေပြီး..ရုပ်တည်ကြီးနဲ့ သူ့ကိုစိုက်ကြည့်နေသည်...
.
.
အကြင်နာပေးရမယ့် သူတောင် မပေးရဲပဲတွန့်သွားလောက်အောင်ကို အကြည့်တွေက စူးရှလွန်းနေတော့...
.Seung Hyun ကြောက်ကြောက်နှင့်ပင် ထိုလူရိုက်သတ်တော့မည့်ရုပ်ပေါက်နေသော ထိုကလေး၏နှုတ်ခမ်းအား...မျက်လုံးစုံမှိတ်ပြီး...ဖိနမ်းပစ်လိုက်သည်...🙈🙊🙊
.
.
.
.
.
.
"အားးးး...wtf...!!!"
.
.
.
.
*ဘုန်း*
.
.
.
ရုတ်တရက် ဘယ်ကနေဘယ်လို ထွက်လာမှန်းမသိသော ငှက်ဆိုးထိုးသံအားကြားလိုက်ရပြီးနောက်..သူ့တစ်ကိုယ်လုံး လေဟာနယ်ထဲလွင့်တက်သွားပြီး...အောက်က ကော်ဇောနဲ့ ပြင်းပြင်းထန်ထန်မိတ်ဆက်လိုက်ရသည်..
.
.
.
.
*အွတ်..သေပါပီ*
.
.
.
.
ခုဏက မင်္ဂလာပွဲအခန်းအနားလဲ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီး SeungHyun မျက်လုံးနှစ်ဘက်ကို သေချာပွတ်ကြည့်လိုက်တော့မှ..အဆောင်က ကိုယ့်အခန်းထဲရောက်နေခြင်းကိုသိလိုက်ရသည်..
.
.
*အိပ်မက်မက်နေတာလား ကျွတ်*သွားပါပီကွာ 😭*

I love the way he smiles 💕Where stories live. Discover now