အပိုင်း(၈)

317 37 23
                                    

👀👀👀

အချိန်ကား ည၁၁နာရီခန့်။

Yu မအိပ်သေးပဲ အိပ်ခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန်လျှောက်ကာ Fanyနဲ့ ဖုန်းပြောနေချင်းဖြစ်သည်...

"Fany...ကိုယ့်ကလေးလေး အိပ်တော့လေ...ညဥ့်နက်နေပီ😘"

"Hump...ကိုကို့ကို သတိရလို့ ဖုန်းဆက်ပါတယ်ဆိုကွာ..😒"

Fanyရဲ့ အသံစာစာလေးကို ကြားလိုက်ရတော့ Yuမျက်နှာက autoပြုံးမိနေသည်...

"ဟော...ညနေကမှ ကိုကို ကိုယ်တိုင် ကျူရှင်လာကြိုတာကို...ခုသတိရနေတယ်?"

"အဲ့တာက ညနေလေ ခုကည😏"

"ဟုတ်ပါပီ...ဟုတ်ပါပီ...ကဲ ခု တော်တော်လေးညဥ့်နက်နေပီမို့ ကလေးအိပ်တော့နော်...မနက်ကျောင်းသွားဖို့ စောစော မထနိုင်ပဲ ဖြစ်နေမယ်...ဟုတ်ပြီလား"

"..."

"နော်...ကိုကိုပြောတာ နားထောင်နော်..အဲ့လိုမဆိုးရဘူးလေကွာ"

"..."

"ကျောင်းပိတ်ရက် ကစားကွင်းလိုက်ပို့ပေးမယ် ဟုတ်ပီလား"

"တကယ်လား...ကတိနော်? 😌"

(ခုမှပဲ အသံက ထွက်လာတော့တယ် 😒)

"Omm...ကတိ"

"Okay ..ကိုကို Good Night ...အိပ်ပီနော် 😁😚"

"Ok good night...ချစ်တယ်"

*click*

Yuတစ်ယောက် အသက်မပြည့်သေးတဲ့ကလေးနဲ့တွဲရတဲ့ ဒုက္ခက လမသေးဟု တွေးမိသည်...(သို့သော်လည်း ကိုယ်က ချစ်နေမိသည် မဟုတ်လား..သည်းခံပေတော့ ငYuရေ😣)

အထက်တန်းကျောင်းသူအရွယ်မို့ စာကိုလုပ်ဖို့ပြောရ...စာမေးပွဲတွေဂရုစိုက်ဖို့ပြောရ ဆုံးမရ ချော့ရနဲ့... Yuတစ်ယောက် ကြာလေ ရည်းစားနဲ့မတူပဲ အမေနဲ့ပဲ ပိုတူလာသလို...😣

"Phew...ကလေးစုတ်လေး...စာတွေသေချာရောလုပ်ရဲ့လားမသိ...တက္ကသိုလ်ဝင်ခွင့်ဖြေဖို့ လပိုင်းပဲလိုတော့တာကို 😧"

Yu...သက်ပြင်းချလိုက်ရင်း မျက်ခွံတွေက ခဲဆွဲထားသလို လေးလံနေပြီမို့ အိပ်ရာဝင်ဖို့ပြင်တော့သည်...

စောင်ခြုံကာ ခေါင်းအုံးပေါ် ခေါင်းတင်ကာ မှေးကနဲ့ ဖြစ်တော့မလို့ရှိသေး phone က ဝင်လာပြန်သည်...

I love the way he smiles 💕Where stories live. Discover now