အပိုင်း(၄)

398 42 30
                                    

"မင်္ဂလာပါ Sir"

"မင်္ဂလာပါ"

ရုတ်တရက် sir ဝင်လာတာကြောင့် JiYongတို့စကားစပြတ်သွားကာ ဆရာအား တခြားအတန်းသားများနည်းတူ မတ်တပ်ထ၍ နှုတ်ဆက်လိုက်သည်...

"ဆရာ့နာမည်က Tablo...ဆရာက ဒီအခန်းရဲ့ အတန်းပိုင်ဖြစ်တယ်...ပြီးတော့ ..ဆရာသင်မယ့်ဘာသာက Organizational Behaviour...လို့ခေါ်တယ်"

ထို့နောက် ဆရာက ပြောလက်စ မိတ်ဆက်စကားကို ရပ်ပြီး white board တွင် စောစောပြောလိုက်သည့် ဘာသာရပ်ရဲ့ အမည်ကိုရေးလိုက်သည်.. ပြီးတော့ ဆက်ပြောသည်..

"လုပ်ငန်းတစ်ခုရဲ့ အုပ်ချုပ်ပုံ structure အောက်မှာ..အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေရဲ့ သဘောသဘာဝ အကြောင်းတွေရယ်...သူတို့ကို ဘယ်လိုပုံစံမျိုးနဲ့ စီမံခန့်ခွဲမယ်ဆိုတဲ့အကြောင်းတွေ..ဒီဘာသာမှာမင်းတို့သင်ရလိမ့်မယ်..."🤓
.
.
.
ဆရာကသာ ပြောချင်တာတွေ ဆက်ပြောနေသည်😩...Jiyongတစ်ယောက်ကတော့ အိပ်ငိုက်ချင်သလိုတောင်ဖြစ်နေသည်...😧ဘေးနားက TaeYangကလည်း မျက်လုံးတွေပွတ်နေကာ...
SeungRiဆို ငိုက်တောင်ငိုက်နေသည်..တစ်ခြားကျောင်းသားများလည်းထိုနည်းတူပင်...ဖြစ်သည်..😩

ထိုအခါ ဆရာTabloက အခြေအနေကို ရိပ်စားမိသည် ထင်သည်...စာအကြောင်းပြောနေတာရပ်ပြီး တစ်ခြားအကြောင်း စကားလွှဲလိုက်သည်..

"မင်းတို့လည်း ဒီနေ့မှ စတက်ရတာဆိုတော့ ဒီနေ့စာသင်ရင် ပျင်းနေမှာပေါ့..ဆရာက ဒီနေ့တော့ချက်ချင်းမသင်သေးပါဘူး ဘာသာရပ်ရဲ့ အကြောင်းကိုသဘောပေါက်အောင်Introဝင်တာပါ...မင်းတို့လည်း Managementကျောင်းသားကျောင်းသူတွေပဲ တစ်နေ့ CEOတွေ ဖြစ်မလာနိုင်ဘူးလို့ ပြောလို့ရမလဲနော..."😃

ဆရာက မြှောက်ပြောလိုက်၍ထင်သည်...ကျောင်းသားတွေမျက်နှာက ပြုံးစိစိနဲ့ လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်..
Jiyongတစ်ယောက်ကတော့ အိပ်ငိုက်နေသည့် မျက်လုံးအား အတင်းပြူးကာ White board ကြီးအား အဓိပ္ပါယ်မဲ့စွာ စိုက်ကြည့်နေသည်...😩

ထိုအခိုက်  စားပွဲအောက်က တန်းမှာ တင်ထားသော ဖုန်းက vibrate ထဖြစ်သောကြောင့်  Jiyong ဖုန်းကို မသိမသာ ငုံ့ကြည့်လိုက်သည်..

I love the way he smiles 💕Where stories live. Discover now