Yeol's Life
Year 1996,
"မေမေ!"
ဘောလုံးကန်ထားတာကြောင့် ဖုန်တွေ သဲတွေနှင့် ညစ်ပေနေသည့် Yeol ကို မေမေက မျက်လုံးမှေး၍ကြည့်သည်။ မေမေက အသန့်ကြိုက်သလောက် Yeol ကတော့ အမြဲတစ်ခုခုဖြင့်ပေပွနေလေ့ရှိသည်။ ဒါပေမဲ့ အသက်ငါးနှစ်အရွယ်ကလေးတစ်ယောက်က အင်္ကျီတွေညစ်ပေနေတတ်တာ၊ သန့်ရှင်းအောင်မနေတတ်တာ အပြစ်တော့မဟုတ်ပေ။
"Yeol.. ရေမြန်မြန်သွားချိုး ပြီးရင် မင်းအဘိုးဆီသွားရမယ်"
"ဘိုးဘိုးဆီကို?!"
"အင်းလေ.."
"ဒါဆို ဟိုသေနတ်ကြီးတွေကို တွေ့ရမှာပေါ့နော်!"
မေမေက ရယ်ရင်း Yeol ရဲ့ ခေါင်းကို ခပ်ဖွဖွပုတ်ပေးသည်။ သွားတစ်ချောင်းကျိုးနေသည့် ငါးနှစ်သားလေးသည် ပျော်ရွှင်သွားသည့်ဟန်ဖြင့် ဟက်ဟက်ပက်ပက်ရယ်ကာ ရေချိုးခန်းရှိရာသို့ ဒုန်းစိုင်းပြေးတော့သည်။ အဲ.. ဒါပေမဲ့ လမ်းတဝက်မှာရပ်ပြီး ရေချိုးခန်းရှေ့စင်မှာ တင်ထားသည့် အရုပ်လေးတွေကို စကားပြောရသေးသည်။
"ငါ လည်းကြီးလာရင် မင်းလို သေနတ်ကြီးကိုင်မှာ"
အရုပ်စင်ပေါ်တွင်တော့ သေနတ်ကြီးကိုင်ထားသော ရဲသားအရုပ်သည် ရန်သူကိုချေမှုန်းရန် အသင့်အနေအထားဖြင့်။
Yeol ကို မေမေက အဝတ်အစားအသစ်တွေဝတ်ခိုင်းပြီး ဘိုးဘိုးဆီကို ထွက်လာခဲ့ကြသည်။ မေမေပြောတာတော့ ဒီနေ့က ဘိုးဘိုးရဲ့မွေးနေ့ဆိုလား.. အဲ့ဒါကြောင့် လူတွေအများကြီးကို ခြံထဲမှာတွေ့ရတာဖြစ်မည်။ ဒါပေမဲ့ Yeol က ခြံထဲကလူတွေကို အာရုံမရပေ။
"အဖေ.."
"လာကြလေ.. အထဲဝင်ကြ"
ဘိုးဘိုးကိုမြင်တော့ Yeol ပျော်သွားသည်။ အမှန်ဆို မေမေ့ထက် ဘိုးဘိုးက သူ့ကိုအလိုလိုက်သည်လေ။ အဲ့ဒါကြောင့် ဒီကိုလာရရင် သူ အရမ်းသဘောကျတာ။ အိမ်ထဲမှာတော့ မေမေရယ်၊ Yeol ရယ်၊ ဘိုးဘိုးရယ် ကလွဲပြီး ဘယ်သူမှမရှိနေပါ။
ရောင်စုံသကြားလုံးတွေလည်း ပုလင်းနှင့်အပြည့်ရှိသည်။ ချော့ကလက်တောင့်တွေလည်း သူ့ရှေ့မှာ အများအပြား။ ရွယ်တူသူငယ်ချင်းတွေလည်း ခြံထဲမှာဆော့နေသေးသည်။ ဒါပေမဲ့ Yeol စိတ်ဝင်စားတာက အံဆွဲထဲမှာသိမ်းထားမည့် ဘိုးဘိုးရဲ့ ပစ္စတိုသေနတ်။
YOU ARE READING
ပိုချစ်သောသူ ရှုံးပါစေ [Chanbaek]
Fanfictionခိုင်မာတဲ့သက်သေတချို့ရှိနေပေမဲ့ လူတွေအသိမှားနေကြတဲ့ အမှန်တရားတွေအများကြီး။ အမှန်တရားတွေဟာ အသစ်ပေါ်ပေါက်နိုင်တယ်။ ချစ်တယ်ဆိုတဲ့သက်သေ ရင်ခုန်သံတွေကို သိနေပေမဲ့ အမှတ်မှားနေတဲ့ ရင်ခုန်သံတွေအများကြီး။ ချစ်ခြင်းတရားဆိုတာ အသစ်ထပ်တွေ့ရှိနိုင်တယ်။ (2018)