3.3K 403 27
                                    

"လွန်ခဲ့တဲ့ တစ်ပတ်ခန့်က ပျောက်ဆုံးခဲ့တဲ့ အသက် ၂၅ နှစ်အရွယ်အမျိုးသား Byun Baekhyun ရဲ့အမှုမှာ သူ့ရဲ့ ချစ်သူဖြစ်သူ Park Chanyeol ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ အမှုနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြပေးပါ"

"အခုချိန်မှာတော့ ဘာမှရေရေရာရာပြောလို့ မရသေးဘူးဆိုပေမဲ့ အခင်းဖြစ်ပွားရာနေရာက ရခဲ့တဲ့ ဒီအင်န်အေက တရားခံရဲ့ ဒီအင်န်အေနဲ့တူနေတာကြောင့် နစ်နာသူအတွက် စဉ်းစားပြီး တရားစွဲဆိုလိုက်တာပါ"

"ဒီအမှုက ရိုးရိုးသာမန်လူပျောက်မှုပဲလား.. လူကုန်ကူးမှုတွေနဲ့များ ဆက်စပ်နေမလား"

"လောလောဆယ် စစ်ဆေးရသလောက်တော့ စွဲချက်တင်ခံရတဲ့ တရားခံသာ တရားခံအစစ်ဖြစ်မယ်ဆိုရင် သာမန်လူပျောက်မှုလို့ပဲ ပြောရမှာပါပဲ"

"တရားခံဘက်က ရှေ့နေမရှိဘူးဆိုတော့ တရားခွင်မှာ နစ်နာသူဘက်က နိုင်နိုင်ချေများတဲ့ သဘောလား"

"ကျွန်တော်တို့ဘက်က အခုချိန်မှာ ဘာမှသေချာမပြောနိုင်သေးပါဘူး"

"တရားခံက စိတ်ရောဂါဝေဒနာ ခံစားနေရတယ်ဆိုတာ မှန်ပါသလား.. သူ့ရဲ့ဆရာဝန်က ဒီတစ်ခေါက် ရွေးကောက်ပွဲဝင်မဲ့ အမတ်လောင်း Kang Han Soo ရဲ့ သမီးဖြစ်သူ Kang Sora ဆိုတာရော ဟုတ်ပါသလား"

"ဟုတ်ပါတယ်"

"ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. SBC သတင်းဌာနမှ Lee Junhyung ဖြစ်ပါတယ်"

ရဲစခန်းထဲ၌ ဖွင့်ထားသည့်တီဗွီမှာလာနေသည်က အမှုနဲ့ပတ်သက်သော အင်တာဗျူးတစ်ခု။ အချုပ်ခန်းသံတိုင်တွေကြားမှ Chanyeol လှမ်းကြည့်မိတော့ သူ့ဓာတ်ပုံနှင့် Park Chanyeol (တရားခံ) ဆိုသည့် စာတန်းက ဖန်သားပြင်ထက်မှာ ထင်ထင်ရှားရှားပင်။ မနက်ဖြန်မနက်ဆိုရင် သူ ရုံးတင်စစ်ဆေးခံရပြီ။ အဲ့ဒါထက် သူ ပိုစိတ်ဆင်းရဲနေရသည်က Baekhyun ကို အခုထိ မတွေ့သေး။

"ကိုယ့်ရည်းစားကိုယ်ပြန်သတ်တာလား"

တစ်ဖက်အချုပ်ခန်းမှ စကားတို့ကြောင့် Chanyeol အံတင်းခနဲကြိတ်လိုက်မိ၏။

ပိုချစ်သောသူ ရှုံးပါစေ [Chanbaek]Where stories live. Discover now