သူ့အတွက်တော့ ဆေးရုံခန်းထဲမှာနေရသည်က လူပျောက်ကြော်ငြာဝေနေရသည်ထက်ပိုပြီး စိတ်ပင်ပန်းရသည်။ တီဗွီကလာနေသည့် အစီအစဉ်တွေကို နှစ်ဆယ့်လေးနာရီဖွင့်ထားပြီး အာရုံလွှဲရန်ကြံစည်ပါသော်လည်း နံရံဖြူဖြူဘက်ကို မျက်စိဝေ့မိလိုက်တိုင်း အိမ်ဧည့်ခန်းရှိနံရံ၌ ချိတ်ထားသော ကလေးနဲ့သူ၏မင်္ဂလာဓာတ်ပုံက သူ့အတွေးထဲရောက်ရောက်လာပြန်၏...
စုံထောက်တွေများ ကလေးကိုရှာတွေ့ပြီဟု လာအကြောင်းကြားမလားဆိုသောစိတ်ဖြင့် ခြေသံကြားတိုင်းတံခါးပေါက်ဘက်လှည့်လှည့်ကြည့်နေရသည်မှာလည်း ခဏခဏ.. လက်ဖျံမှာထိုးသွင်းထားတဲ့ ဆေးပိုက်တွေကိုလည်း မကျေနပ်စိတ်ဖြင့် ဆွဲဖြုတ်ချင်နေမိသည်..
သူကတော့ အဲကွန်းခန်းထဲမှာ အငြိမ့်သားလှဲနေရချိန် ကလေးကတော့ ဘယ်လိုအခြေအနေများဖြစ်နေမလဲ.. တစ်ခုခုထိခိုက်မိသွားခဲ့ရင် သူ ရင်ကျိုးရမှာ..။ တိုက်တိုက်ဆိုင်ဆိုင် နားထဲဝင်လာသည့်သီချင်းတစ်ပုဒ်က ဆွေးဆွေးမြေ့မြေ့လေး.. နဂိုကမှ ငိုချင်လျက်မို့ သိပ်လက်တို့စရာတောင်မလိုပဲ တစ်ခဏအတွင်းမှာပင် သူ့အမြင်အာရုံတို့ ဝေဝါးလာရသည်။
"Park Chanyeol ssi.. အဲ.."
မျက်ရည်စက်လက်ဖြင့် ကုတင်ပေါ်တွင်ထိုင်နေမိတုန်း အချိန်ကိုက်ရောက်လာသော စုံထောက်နှစ်ယောက်က သူ့အခြေအနေကိုမြင်တော့ အထဲပဲဝင်လာရမလို အပြင်ပဲပြန်ထွက်ရမလိုဖြစ်ကုန်၏..။
"ကျွန်တော်အဆင်ပြေပါတယ်"
ပြောချင်တာက အနေရခက်မနေပဲ မေးစရာရှိတာမေးလို့ရကြောင်းဖြစ်သည်။
"စိတ်ပင်ပန်းနေမှာပဲနော်"
သက်ပြင်းတစ်ခုဖြင့်သာ သူတုန့်ပြန်မိသည်။ ဘာပဲဖြစ်ဖြစ် အဖြေရှိပြီးသား မေးခွန်းတစ်ခုမဟုတ်လား..
"ဟိုတစ်နေ့ကမေးလက်စလေး ဆက်မေးမလို့ လာခဲ့တာပါ"
"ဟုတ်ကဲ့.."
"Park Chanyeol ssi က မိဘမဲ့နော်"
"ဟုတ်ပါတယ်"
"ခင်ဗျားကို တစ်ဖက်သတ်သဘောကျနေတဲ့သူရော ရှိလား"
ŞİMDİ OKUDUĞUN
ပိုချစ်သောသူ ရှုံးပါစေ [Chanbaek]
Hayran Kurguခိုင်မာတဲ့သက်သေတချို့ရှိနေပေမဲ့ လူတွေအသိမှားနေကြတဲ့ အမှန်တရားတွေအများကြီး။ အမှန်တရားတွေဟာ အသစ်ပေါ်ပေါက်နိုင်တယ်။ ချစ်တယ်ဆိုတဲ့သက်သေ ရင်ခုန်သံတွေကို သိနေပေမဲ့ အမှတ်မှားနေတဲ့ ရင်ခုန်သံတွေအများကြီး။ ချစ်ခြင်းတရားဆိုတာ အသစ်ထပ်တွေ့ရှိနိုင်တယ်။ (2018)