Her Blind King
Chapter - 4
Shao Yu's pov
" မင်း ကိုယ်ပြောတာတွေကို တကယ်ထင်နေလား "
' အမှန်အတိုင်းပြောနေတာ မဟုတ်ဘူးလား ' လို့ သူမက လာရေးလေသည်။
Xiao Yu စာကြောင့် သူ တစ်ချက် ပြုံးလိုက်မိသည်။
" အမှန်အတိုင်းပြောရရင် . . . ကိုယ် ပျော်ရမယ့်အစား စိတ်ပျက်ခဲ့တယ် ၊ ဘာလို့လဲဆိုတော့ ဘုရင်ဖြစ်ပြီးကတည်းက ကိုယ့်ဘဝက သေလူနဲ့ မခြားနားလို့ပဲ ၊ အမှန်ပြောရရင် ကိုယ့်မျက်လုံးတွေကို ပြန်မကောင်းချင်ခဲ့ဘူး ၊ ဘုရင်လုပ်ချင်စိတ် မရှိတော့ပေမယ့် ဘေးလူတွေအကုန်လုံးက ကိုယ့်ကို လက်မလွှတ်ချင်ကြဘူး "
သူ ပြောနေရင်းနဲ့ သူ့လက်မောင်းကို တွဲထားတဲ့ သူမလက်နှစ်ဖက်အပေါ် သူ့လက်တစ်ဖက် တင်လိုက်သည်။
" လူအားလုံးသိကြတဲ့ Emperor Shao Yu ဆိုတာက ရက်စက်တယ် ၊ ကြမ်းကြုတ်တယ် ၊ ရုပ်ဆိုးတယ် ၊ ယုတ်မာတယ် ၊ သူတို့ ပြောဆိုနေကြတာတွေက မမှားပေမယ့် . . . ကိုယ့်အဖေရဲ့ဆန္ဒအရ သမိုင်းမှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ Emperor တစ်ယောက်ဖြစ်ဖို့အတွက် ကိုယ့်ရဲ့အချိန်တွေကို စစ်မြေပြင်မှာပဲ ကုန်ဆုံးခဲ့ရတယ် ၊ ကြာတော့ ကိုယ့်မှာ ခံစားချက်မဲ့လာခဲ့တယ် ၊ သတ်တာ ဖြတ်တာတွေက ကိုယ့်အတွက် ထမင်းစားရေသောက်သလို ဖြစ်နေခဲ့တော့ Blind King ဆိုပြီး နာမည်ထွင်ခဲ့တယ် ၊ ဆိုလိုချင်တာက သတ်ဖို့ဖြတ်ဖို့က လွှဲပြီး ကျန်တာကို မမြင်တော့တဲ့ King ပေါ့ ၊ ဒါပေမယ့် . . . အခုမှ နာမည်နဲ့လူနဲ့ လိုက်သွားတာ . . . ဟွန်း . . . ၊ ကိုယ် . . . ဒီလိုနေရတာကို ငြီးငွေ့နေခဲ့တော့ မျက်စိကွယ်တာကို စိတ်မဆင်းရဲဘဲ ပျော်နေခဲ့တယ် ၊ ငယ်ဘဝတုန်းကလို အေးအေးဆေးဆေး ပြန်နေလို့ရပြီဆိုပြီး . . . ၊ ဒါပေမယ့် ကိုယ့်ကို Emperor အဖြစ် မြင်ချင်သေးတဲ့ ကိုယ့်ခမည်းတော်ကြောင့် မင်း ကိုယ့်ဘေးနား ရောက်လာခဲ့တယ် "
YOU ARE READING
Her Blind King
ספרות חובביםတရုတ်ကားတွန်း Qin's Moon ထဲက Shao Yu & Shi Lan ကို အရမ်းကြိုက်လို့ သူတို့နှစ်ယောက်ဇာတ်လမ်းလေး သပ်သပ်ရေးထားတာပါ ဝေဖန်ပေးကြပါဦးနော် ကျေးဇူးတင်ပါတယ် ( My own creation )