1

10.3K 396 47
                                    

ပြတင်းပေါက်မှတစ်ဆင့် ရှုခင်းတွေကို လှမ်းကြည့်ရင်း
မျက်နှာချင်းဆိုင်က အိမ်ကြီးကို စိတ်ဝင်စားမိပါရဲ့ မီးထွန်းတာလည်းမမြင်ရဘူး လူ ,မနေဘူးလား?

ဒီအိမ်ကို ပြောင်းလာတာ တစ်လနီးပါးရှိပြီ....
ဘေးအိမ်တွေက ' ည၉နာရီကျော်ရင် အပြင်မထွက်နဲ့ မင်းကလူသစ်ဆိုတော့ ဒီရပ်ကွက်အကြောင်းမသိသေးဘူး မင်းလို ချောမောတဲ့ လူငယ်မျိုးဆို ပိုဆိုးတယ်.. သတိနဲ့နေ '

ထိုစကားကို ကြားတိုင်း လက်ခံသည့်အနေနဲ့သာ ခေါင်းငြိမ့်ပြမိသည်... ညဆို လူဆိုးသူခိုးတွေများ ပေါလို့လား
တကယ်တော့ ကျွန်တော်ဆိုတာကလည်း တော်ရုံဆို တစ်ယောက်တည်း အပြင်မထွက်ဘူး ထွက်လို့လည်း မရဘူးလေ.... ကျွန်တော့် ခါးအောက်ပိုင်းက###

ကားaccident ဖြစ်ပြီးကတည်းက wheelchair နဲ့ နေရတယ်...
ဆရာဝန်ကတော့ စောင့်ကြည့်ပြီး ပြန်ကောင်းလာနိုင်ချေရှိတယ်တဲ့....
ကိုယ့်ဘ၀နဲ့ကိုယ်, ကိုယ့်အတိတ်ကံနဲ့ကိုယ်ဆိုတော့လည်း ဘယ်တတ်နိုင်မလဲ... ဖြစ်သမျှအကြောင်း အကောင်းပေါ့...

ထိုစဉ် ကျွန်တော့် အခန်း မီးလင်းလာသည့်အတွက် အနောက်သို့လှည့်ကြည့်လိုက်မိသည်...

" ဘာလို့ အချိန်တိုင်း အမှောင်ထဲပဲ နေ,နေရတာလဲ... "

ခပ်အေးအေး ပြောလာသည့် ကျွန်တော့်ကို စောင့်ရှောက်ပေးနေတဲ့ Hoseok hyung...  အစကတော့ အရင်အိမ်ရဲ့လုံခြုံရေး, အခုလို ကျွန်တော် တစ်ယောက်တည်း အိမ်အသစ်ကိုပြောင်းလာတော့ သူ့ကိုပါ အမေက ထည့်ပေးလိုက်သည်လေ... ငယ်ငယ်လေးကတည်းက ရင်းနှီးခဲ့တော့.... ညီအစ်ကိုလိုပဲ...

" ဒီတိုင်းး အမှောင်ထဲမှာ နေရတာကြိုက်တယ်... မျက်စိ အေးစေတယ်လေ... "

ဘေးရှိ ထိုင်ခုံကို ဆွဲယူကာ ကျွန်တော့်ဘေးမှာ ထိုင်ရင်း

" ဘာလို့ ပြတင်းပေါက်နားပဲ နေ,နေတာလဲ... လေစိမ်းတွေ တိုက်တယ်လေ... ဖျားလိမ့်မယ် "

ကျွန်တော့် မျက်လုံးက မျက်နှာချင်းဆိုင်က အိမ်အိုကြီးဆီ ရောက်သွားပြီး

" ကျွန်တော် အဲဒီအိမ်ကို စိတ်ဝင်စားတယ်hyung... လိုက်ပို့ပေးမလား "

MONSTER  [COMPLETED]Where stories live. Discover now