ထို အိမ်ကြီး ရှေ့တွင် ရပ်နေမိသည်...
3လကျော်,ကြာ တွေ့ခွင့်မရတဲ့ ထိုလူ
ပဟေဠိတွေနဲ့ ပစ်သွားတဲ့ ထိုလူ
အပြည့်အ၀ ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုတဲ့ ထိုလူ
ခြံထဲကို တစ်လှမ်းချင်း လှမ်းလျှောက်လာမိတော့...
လေတွေ အပြင်းအထန် တိုက်ခတ်လာလိုက်တာ...
ဒါ ခင်ဗျားဆီ မလာစေချင်တဲ့ သဘောလား Jimin...အိမ်တံခါးမ ဆီသို့ ရောက်တော့ သစ်သားနဲ့ အသေပိတ်ထားတဲ့တံခါးကို ခေါက်ဖို့အရေး ဆိုင်းငံ့နေမိ... တုန်လှုပ်နေမိ.. ရှင်းရှင်း ပြောရရင် ကြောက်တယ်.. ဒီလို ခံစားမှုမျိုးကြီး
သို့သော် ကိုယ့်ကို အန္တရာယ်ကနေ ကာကွယ်ပေးမယ့် Park Jimin မရှိတော့မှာကို ပို ကြောက်တယ်...Knock knock ~~
တုန့်ပြန်မှု မရှိ....
" Jiminie hyung?? တံခါးဖွင့်... "
" Hyung... ကျေးဇူးပြုပြီး တံခါးဖွင့်ပါ.. ကျွန်တော် hyungကို ပြောစရာစကားတွေ အများကြီး "
" Hyung အတွင်းထဲမှာ ရှိမှန်းသိတယ်.. တံခါးဖွင့်"
* Jungkook?? *
အသံကြားရာ လှည့်ကြည့်လိုက်တော့ Yoongiရဲ့ အမေပဲ.. အလန့်တကြား ကျွန်တော့်ကို စိုက်ကြည့်နေတာ....
" အဲဒီမှာ ဘာလုပ်နေတာလဲ.. ဒီကို မြန်မြန်လာ.. "
အလျင်အမြန် လက်ယှက်ခေါ်နေသော ထိုအမျိုးသမီးထံ သွားဖို့ ဆိုင်းငံ့နေတယ်...
" Jiminie hyung~~ jelba.... တံခါးဖွင့်ပါ.."
တုန့်ပြန်လာမှု မရှိသော ထိုအိမ်အိုကြီးကို ကျောခိုင်းကာ....
ထိုအမျိုးသမီးထံသို့..." Mrs. Min ကျွန်တော့်ကို Jimin အကြောင်း အပြည့်အစုံပြောပြပေးပါ့လား "
ခေါင်းအတွင်တွင် ခါနေသော ထိုအမျိုးသမီးရဲ့ လက်ကို ဆုပ်ကိုင်ပြီး
" ကျွန်တော် တောင်းဆိုပါတယ်.. Park Jiminအကြောင်း သိသလောက်လေး ပြောပြပေးပါ့လား "
ခေါင်းတစ်ချက် စိတ်မပါစွာ ညိမ့်လိုက်ပြီး
သူ့အိမ်ဘက်ကို ဦးတည်သွားနေသော ထိုအမျိုးသမီးနောက်သို့ လိုက်ရင်း
YOU ARE READING
MONSTER [COMPLETED]
HorrorDon't tell me you are a MONSTER!! ( Myanmar Fanfiction ) ( Actually, not really scary 😅 ) Published time - Oct 16, 2017 #463 In Horror ( in Oct 17, 2017)