" Yoongi hyung!! နဖူးမှာ သွေ..သွေးတွေ..."
" သွားတော့... Hoseok... မင်းညီကို ခေါ်ပြီးပြေးး"
ကျွန်တော်လည်း ဘာလုပ်လို့ ဘာကိုင်ရမလဲမသိ... Hosek hyungကလည်း ကြောင်နေတာ...
" HOSEOK!!! "
ထိုအချိန်မှ Hoseok သတိလည်လာကာ...
ကြောင်တောင်တောင်နဲ့ ကျွန်တော့်wheelchair ကို ဆွဲကာ ပြေးမည်အလုပ်.....၀ုန်းးးး ( ခြံဝင်းတံခါး သူ့အလိုလို ပိတ်သွားသံ... )
" Jimin!!! မင်းဒီလိုလုပ်လို့မရဘူး မင်းမှားနေပြီ.. သူတို့ကို လွှတ်ပေးလိုက်ပါကွာ... ငါနဲ့ စကားပြောမယ်လေနော်... "
Jimin?? Yoongi hyung,ဘယ်ကိုကြည့်ပြီး ပြောနေတာလဲ.... ထိုPark Jiminကို မတွေ့ပါဘူး အခု ဘာတွေဖြစ်နေတာလဲ
ဟားးး ဟားးး ဟားးး ဟားးးး ~~~~
ထိုရယ်သံကျဲကျဲကြီးနဲ့အတူ ထိုအိမ်ကြီးအတွင်းမှာ လျှပ်စီးကြောင်းတွေ ဖြတ်ပြေးနေသလိုပဲ... လေပြင်းတွေကလည်း ဆက်တိုက်... နေ့ခင်းကြောင်တောင်ကြီးကို...
Hoseok hyungကတော့ တော်တော်ကိုကြောက်နေတာ... ကျွန်တော် hyungရဲ့လက်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း" hyung... ကျွန်တော်ရှိတယ်... ဘာမှ မဖြစ်ဘူးနော်... "
ထိုအချိန် အိမ်နောက်ဘေးမှ ကျွန်တော်တို့ဆီသို့ ပြေးလာနေတဲ့လူ... Park Jimin??
" aww... Yoongi hyungတို့ ဒီကို ဘာလာလုပ်တာလဲ... "
အပြုံးလေးနဲ့ မေးလာတဲ့ Jimin....
ဘာတွေလဲ.... Jiminက ကျွန်တော်ထင်သလိုတော့ မဟုတ်ဘူးမလား လူ,မလား ဟုတ်တယ်မလား
Jiminက ဒဏ်ရာ,ရနေတဲ့ Yoongiရဲ့ နဖူးလေးကို ခပ်ဖွဖွလေးကိုင်လိုက်ပြီး" hyungရဲ့နဖူးက ဘာဖြစ်လာတာလဲ... သွေးတွေ ထွက်နေတယ်... "
ထိုသို့ ပြောပြီး ကျွန်တော်တို့ဘက်ကို လှည့်ကြည့်ကာ..
" arr... Kim- arnyi.. Jeon Jungkook.... ဒါနဲ့ ဘေးက ဘယ်သူ?? "
ကျွန်တော့်ဘေးမှာ ကြက်သေ,သေနေတဲ့ Hoseok hyungကို ကြည့်ပြီး မေးနေလို့ ကျွန်တော်ကပဲ..
" ဒါကျွန်တော့်ရဲ့hyung... Jung Hoseok တဲ့."
" arr... အိမ်ထဲ ၀င်ကြပါဦးလား အေးအေးဆေးဆေး စကားပြောကြတာပေါ့... "

YOU ARE READING
MONSTER [COMPLETED]
HorrorDon't tell me you are a MONSTER!! ( Myanmar Fanfiction ) ( Actually, not really scary 😅 ) Published time - Oct 16, 2017 #463 In Horror ( in Oct 17, 2017)