Hoseok hyungက ကျွန်တော့်နောက်ကနေ ကျွန်တော့် ပခုံးကို တုန်ရီစွာ ဆုပ်ကိုင်ထားသည်
Yoongi hyungကလည်း မျက်ဝန်းထဲမှာ စိုးရိပ်ရိပ်တွေ ဖြတ်သမ်းနေတယ်...Yoongiရဲ့ အိမ်ဘက်ကို ရောက်တော့ ahjimaက လာပြီးကြိုတယ်...
" Yoongiတို့ လာပြီလား - အဲ.. သူ...သူက ဘာလို့..... အားးးးးးး!! "
ahjimaက ဆောက်တည်ရာမရ ဖြစ်ပြီး yoongiကို သူ့ဘက် ဆွဲခေါ်ကာ....
" ဘာ... ဘာလို့ သူက ဒီကို ရောက်နေ.. တာလဲ... အမ်... Yoongi.... ဘယ်...ဘယ်လိုလုပ်ကြမလဲ."
ဘာတွေဖြစ်နေတာလဲ... Jiminကိုကြည့်လိုက်တော့လည်း သူ့နားထင်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် စိတ်ရှုပ်စွာ ဖိနှိပ်ကာ...
" ငါ ပြဿနာမရှာဘဲ အေးဆေးနေမယ်လို့ တွေးထားပေမယ့် .... သိပ်ကို စိတ်ရှုပ်စရာကောင်းတာပဲ... Mrs. Min "
" Min Yoongi... အဲတာကြောင့် အမေ မင်းကို ဘာပြောထားလဲ... အဲအိမ်ကြီးဆီသွားသွားပြီး ဒီ မကောင်းဆိုးဝါးကောင်နဲ့ မိတ်ဆွေ မဖွဲ့နဲ့လို့ ပြောထားတာလေ... မင်းကြောင့် အခု အကုန်ဒုက္ခရောက်တော့မယ်... "
" aww..... Mrs. Minက ဒုက္ခရောက်ချင်နေတာလား ဟုတ်လား ကျွန်တော့်ကျေးဇူးမှ မထောက်... ဟက် "
မွေးနေ့ပွဲက လူအနည်းငယ်လည်းဖိတ်ထားသည်ထင်..
အခုလို အသံတွေကြားတော့ အိမ်ထဲက ဧည့်သည်တွေကလည်း အကုန်ထွက်လာတာ.... ဒါကို Jiminက မြင်တော့ သူ့ဇက်သူ တစ်ချက်ချိုးလိုက်ကာ devil smile နဲ့ပြုံးလိုက်ပြီး ဧည့်သည်ထဲက ကောင်မလေးတစ်ယောက်ကို သူစိုက်ကြည့်နေပုံပဲ မျက်တောင်မခတ်....
ထိုစဉ် ထိုကောင်မလေး လေပေါ်မြောက်သွားကာ..." Ahhhhhhh!!!!! "
ကောင်မလေးက အော်နေတာ တော်တော်ကြောက်နေပုံ...
အချို့ကြည့်တဲ့ဧည့်သည်က ကြည့်ကြ.... ထွက်ပြေးတဲ့ဧည့်သည်က ထွက်ပြေးကြနဲ့... ရှုပ်ပွနေလေသည်...Yoongiက Hoseokကို မျက်စ,ပစ်ပြကာ ထွက်ပြေးစေသည်....
ပြီးတော့ Yoongiက Jiminကို သူ့ရင်ခွင်ထဲကို ဆွဲသွင်းထားသည်... Jiminကလည်း Yoongiကို တွန်းထုတ်ရင်း သူ့လက်သည်းတွေက Yoongiရဲ့ ၀မ်းဗိုက်ထဲသို့ စိုက်ဝင်ကုန်သည်....

VOUS LISEZ
MONSTER [COMPLETED]
HorreurDon't tell me you are a MONSTER!! ( Myanmar Fanfiction ) ( Actually, not really scary 😅 ) Published time - Oct 16, 2017 #463 In Horror ( in Oct 17, 2017)