part-09

453 43 4
                                    

Black Tears....

သိပ်​ပြီး​တော့မနာကျင်​ပြပါနဲ့လား
က​လေးငယ်
ဒီလိုနဲ့ပဲ ကိုယ့်​ရည်​ရွယ်​ချက်​​တွေ
လမ်းမှား​ရောက်​ကုန်​မယ်

ရက်​သတ္တပတ်​တစ်​ခုကြာကြာအထိ
ကျောင်း​လေး​ရှေ့မှာက​လေးမြင်​သာရန်
သူသွား​စောင့်​ခဲ့​ပေမဲ့အ​ခြေအ​နေ​တွေဟာ
တိုးတက်​မလာ​သေး...

စကား​ပြော​နေရင်းမျက်​မှန်​၀ိုင်း​လေးကို
တစ်​ချက်​ပင့်​တင်​တက်​တဲ့က​လေးငယ်​ဟာ
မသက်​ဆိုင်​ပါပဲ ဓားစာခံဖြစ်​ရ​တော့မည်​~

~ကိုယ့်​ကိုခွင့်​လွှတ်​ပါက​လေးငယ်​..

ကျောင်းဆင်းချိန်​တိုင်းလက်​ပြနှုတ်​ဆက်
တက်​တဲ့ကျွန်​​တော့်​ကိုကြည့်​ကာ..ပါးပြင်​​လေး
များရဲတက်​သွားတက်​သည့်​ထိုက​လေးငယ်​သည်
ဖြူစင်​လွန်းစွာ~

သိပ်​ပြီးမဖြူစင်​ပြပါနဲ့လား
က​လေးငယ်
လောကကြီးကအ​ရောင်​​တွေ
သိပ်​စုံလွန်းတယ်

တစ်​ရက်​~သူ့အိမ်​နှင့်​သိပ်​မ​ဝေးလှ​သော
က​စားကွင်း​လေးထဲ၌မိုးစက်​​တွေကြား
စိတ်​လွတ်​စွာ ထိုင်​​နေခဲ့​သော ထိုက​လေး
ငယ်​သည်​မိုးစက်​​တွေကြားလှပ​နေခဲ့သည်​~

သိပ်​ပြီးလှပလွန်းမ​နေပါနဲ့လား
က​လေးငယ်
စုတ်​ချက်​​တွေ မမှီနိုင်​မှာ
ကိုယ်​စိုးတယ်

"​က​​လေး...."

ခြေထိပ်​နှင့်​​တော့ကာ လှုပ်​သည်​ဆိုယုံလွဲ၍
ဒန်း​လေးထက်​ထိုင်​​နေ​သော ​ကောင်​​လေး
ရှေ့အုပ်​မိုးရင်းရပ်​မိ​တော့~

မော့၍ကြည့်​လာသည့်​မျက်​၀န်းအိမ်​များသည်
နီရဲလျက်​မိုးရည်​စက်​များနှင့်​​ရောပွန်း​နေခဲ့​သော
မျက်​ရည်​များနှင့်​ပြည့်​နှက်​​နေ​ပေမဲ့လို့~

သွား​ဖွေး​ဖွေး​လေး​များ​ပေါ်သည်​ထိ တစ်​ခုတ်
တစ်​ရပြုံးပြလို့လာသည်​~

Has llegado al final de las partes publicadas.

⏰ Última actualización: Nov 03, 2017 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Black TearsDonde viven las historias. Descúbrelo ahora