ဟုတ်ကဲ့ ခေါင်းစဉ်ကြီးက Birthday Present ဆိုလို့
luhan ရဲ့ကောင်မလေးကို ပေးတဲ့ Bd present လို့ အထင်မှားသွားကြမှာစိုးလို့ အရင်ရှင်းပါရစေ
လုံးဝ(လုံးဝ) မဟုတ်ပါဘူးနော်
သူနဲ့ ကိုက မွေးနေ့တူနေတော့လည်း ရှင်းရတာပေါ့ဟုတ်ကဲ့ ဒီနေ့က ကျနော့်ရဲ့ ၂၁ နှစ်ပြည့် မွေးနေ့ပါ
အဲ့တာကြောင့် ကိုယ့်ကိုကိုယ်
ကဗျာ တစ်ပုဒ်လက်ဆောင်ပေးတာပါအဲ့ ကဗျာရဲ့ ခေါင်းစဉ်နာမည်ကိုက
Birthday Present ပါအရင်နှစ်တွေတုန်းက ကျနော့်မွေးနေ့မှာ
ဒီလို update မလုပ်ဘဲ
ဘာလို့ ဒီနှစ်ကျမှ ထလုပ်ရသလဲဆိုတော့
ရှင်းပါတယ် ကျနော် Readers လေးတို့ဆီက
Motivation အနေနဲ့ Birthday wish လေးတွေ
လိုချင်လို့ပါ 😁😁😁ဟုတ်ကဲ့ ကဗျာလေးကတော့ ဟော့ဒီမှာပါဗျ👇
ကျနော့်မှာ ဘယ်တော့မှ နိုးထမလာနိုင်တော့တဲ့
ရူးမိုက်မိုက် အိမ်မက်တစ်ခု ရှိတယ်သိလား ???
အဲ့အိမ်မက်ကိုထုတ်နှုတ်လို့
တင်ပြခွင့်ရမယ်ဆိုရင်ပေါ့လေ
အဲ့ဒီအိမ်မက်က သိပ်ကို Romantic ဆန်ပြီး
Heart attack ဖြစ်စေနိုင်တဲ့ အဆန်းကြယ်ဆုံး surprise တခုဖြစ်စေခဲ့မှာပေါ့ကျနော့်ရဲ့ မွေးနေ့မှာ ရောက်လာခဲ့တဲ့
လက်ဆောင်ပါဆယ်ထုပ်တစ်ခုထဲမှာ
ခင်ဗျားသာ ပါလာခဲ့ရင် ဆိုတဲ့
ခပ်ကြောင်ကြောင်အတွေးတစ်ချို့နဲ့
အနားသတ်ဘောင်ကွပ်ထားတဲ့
ရူးမိုက်မိုက် အိမ်မက်တစ်ခုကို
ကျနော်ခုချိန်ထိ ဆုပ်ကိုင်ထားနေမိဆဲသို့ပေမယ့်လို့လည်းပေါ့
ကျနော့်ဘဝတစ်လျှောက်လုံးမှာ
ကာရန်မညီဆုံး အဖြစ်အပျက်တခုက
ခြောက်ခြားဖွယ်ရာ အကောင်းဆုံး
ကြောက်စရာအိမ်မက်တစ်ခုကနေ
နိုးထမလာနိုင်ခဲ့တာပါပဲInfinity
ကျနော့်ကဗျာလေးကို ဖတ်ပြီး
တခုခု ခံစားသွားရရင်လည်း
Feelings လေးတွေ ဝေမျှပေးခဲ့လို့ ရပါတယ်နော်အားလုံးပဲ Have a sweet night ပါ 😁
YOU ARE READING
ခင်ဗျားဖတ်ဖို့
Non-Fictionမသေသပ်တဲ့ အရေးအသားတစ်ချို့နဲ့ ခပ်စုတ်စုတ်လက်ရေးလေးတွေ ခြယ်သထားတဲ့ ဟောဒီကဗျာစာအုပ်လေးက ရိုးရိုးကဗျာစာအုပ်တစ်အုပ်တော့ မဟုတ်ဘူး ခင်ဗျားကို ရည်ရွယ်လို့ ကျနော့်ရဲ့ နှလုံးသွေးတွေနဲ့ ဖွဲ့သီထားတဲ့ ခင်ဗျားဖတ်ဖို့ သေတမ်းစာ