ခင်ဗျားဖတ်ဖို့ (၁)
ကျနော် ခင်ဗျားရှေ့ကနေ သွေးအေးအေးနဲ့
လှည့်ထွက်လာခဲ့တာ ကိုယ့်ကိုကိုယ်
မှန်ရဲ့လားတောင် မသိတော့ဘူး
ဘာလို့ ခင်ဗျားရှေ့ကနေ လှည့်ထွက်ခဲ့ရသလဲ
ဆိုတော့ ခင်ဗျားကို မေ့လိုက်ချင်လို့ လို့ပြောရင်
ကျနော် လိမ်ရာကျသွားမှာ
တကယ်တော့လေ .......
ခင်ဗျား ကျနော့်ကို ကြည့်မနေမှာကို
ကြောက်မိတဲ့ အကြောက်တရားကြောင့်လည်း
ဖြစ်ကောင်းဖြစ်နိုင်သလို
ခင်ဗျားကို မြင်နေရရင် ဆက်မျှော်လင့်နေမိမယ့်
ကျနော့်ရဲ့ မျှော်လင့်ချက်တွေကို
ရိုက်ချိုးပစ်ချင်တာလည်း
တစ်ပိုင်းတစ်စ ပါချင်ပါမှာပေါ့
ဒါပေမယ့် ကျနော် နောက်ကို
အခါခါ ပြန်လှည့်ကြည့်ခဲ့မိတယ်
ခင်ဗျား မသိဘူးမလား ......
ကျနော်လှည့်ကြည့်ခဲ့မိတဲ့ ပုံရိပ်တိုင်းမှာ
ခင်ဗျားများ ကျနော့်နောက်က
မသိမသာ ကပ်ပါလာလေမလား ဆိုတဲ့
မျှော်လင့်ချက်သေးသေးလေးတွေ
ပျော်ဝင်နေတယ်ဆိုတာ .....
အဲ့လိုမျှော်လင့်ခဲ့မိလည်းပဲ
ဘယ်အတိတ်မြင်ကွင်းဆီမှာမှ
ခင်ဗျား ကျနော့်နောက်က ပါမလာခဲ့ဘူး
အကယ်၍များ ......
ကျနော် လှည့်မကြည့်မိဘူးဆိုရင်တော့
ကျနော် အခုချိန် စိတ်ကူးယဉ်အတွေးတစ်ချို့နဲ့
ပျော်ကောင်းပျော်နေနိုင်တာပေါ့လေ ......အဆုံးမဲ့
YOU ARE READING
ခင်ဗျားဖတ်ဖို့
Non-Fictionမသေသပ်တဲ့ အရေးအသားတစ်ချို့နဲ့ ခပ်စုတ်စုတ်လက်ရေးလေးတွေ ခြယ်သထားတဲ့ ဟောဒီကဗျာစာအုပ်လေးက ရိုးရိုးကဗျာစာအုပ်တစ်အုပ်တော့ မဟုတ်ဘူး ခင်ဗျားကို ရည်ရွယ်လို့ ကျနော့်ရဲ့ နှလုံးသွေးတွေနဲ့ ဖွဲ့သီထားတဲ့ ခင်ဗျားဖတ်ဖို့ သေတမ်းစာ