positive

29 7 0
                                    

ကိုက သောက်ပိုတွေမပြောတတ်ဘူး
သောက်ပိုတွေလည်း လုပ်မပြတတ်ဘူး
သောက်စကားကိုလည်း လိုတာထက်ပိုပြီး
သောက်ရမ်းတွေ ချိုသာအောင် မပြောတတ်ဘူး
ကို့သောက်ခွက်ကလည်း ကို့စိတ်အခြေအနေအတိုင်း
ပြောင်းလဲနေတာပဲ
သောက်ရမ်းဒေါသထွက်နေတဲ့အချိန်
ကိုယ့်သောက်ခွက်ကိုလည်း
ဟန်ဆောင်ပြီး ပြုံးမပြထားနိုင်ဘူး
အတွင်းစိတ်ကို ဖုံးကွယ်ပြီး
သောက်ခွက်ကတော့ လှလှလေးပြုံးမနေနိုင်ဘူး
ကိုက သောက်ရမ်းတွေ
စိတ်ကောင်းရှိနေတဲ့သူ မဟုတ်တော့
တော်ရုံဆိုလည်း သည်းမခံတတ်သလို
ကို့ထိလာရင်လည်း ငြိမ်မခံတတ်ဘူး
ကိုက မကျေနပ်တာတွေရှိရင်
ဒဲ့ပဲပြောချတတ်တယ်
စောင်းမြောင်းသွယ်ဝိုက်ပြီး မပြောတတ်ဘူး
အေး ! အဲ့လိုအကြောင်းတရားတွေကြောင့်
ကိုယ့်ကို ရိုင်းတယ်လို့ ထင်နေကြရင်လည်း
ကိုကတော့ မတတ်နိုင်ဘူး
သောက်ဂရုစိုက်ကို မစိုက်တာ
သောက်ကြောကတော့ ခပ်တင်းတင်းပဲ
နောက်ဆုံး ကိုက သောက်ပိုတွေလုပ်ပြီး
လူထင်ကြီးအောင်တော့ မယဉ်ကျေးပြတတ်ဘူး

မျက်နှာဖုံးပေါင်းမြောက်များစွာနဲ့ လူတစ်ချို့ကို
ဆက်ပြီးသည်းမခံနိုင်ဘဲ သောက်ရမ်းပေါက်ကွဲလာလို့
ဒဲ့ရေးတာ … !

                                                            Infinity

ခင်ဗျားဖတ်ဖို့Where stories live. Discover now