ချစ်သူများနေ့

36 4 0
                                    

မနက်ဖြန် ရောက်လာတော့မယ့်
ချစ်သူများနေ့မှာ
ခင်ဗျားနဲ့ သူမရဲ့
ပျော်ရွှင်ကြည်နူးနေမယ့်
ပုံရိပ်ပေါင်းမြောက်များစွာအတွက်
မိုးလင်းကစလို့
ကော်ဖီခါးခါးတစ်ခွက် ကြိုသောက်ထားမယ်
အနည်းဆုံးတော့
ကျနော့်ရင်ခုန်သံတွေ
နာကျင်မြန်ဆန်နေတာ
ကော်ဖီကြောင့်လို့ ခေါင်းစဉ်တပ်လို့ရသွားတာပေါ့ !

#Infinity

ခင်ဗျားဖတ်ဖို့Where stories live. Discover now