မျက်နှာပေါ် ဖြာကျနေသော နေရောင်ခြည်က မြင့်တတ်လာသော အပူချိန်နဲ့အတူ နွေးရာမှ ပူလောင်လာပေမယ့် သူမထမိသေး ။
ခြံထဲက ခုံတန်းလေးပေါ်မှာ လက်ပိုက်လျက် အိပ်နေသော သူပုံက နှစ်ချိုက်စွာ အိပ်ပျော်နေတာလား ဆိုတော့လည်းမဟုတ်..။
အလှစိုက်ထားသော ပန်းပင်တချို့ကို ဖြတ်တိုက်လာသော
လေနုအေးကြောင့် ထင်သလောက်မပူပြင်းသေးသော
နေရောင်ခြည် အောက်မှ သူထမသွားချင်သေးပါ။မကြာမှီ မျက်နှာပေါ်မှ နေအပူဒဏ်ကို တစ်စုံတယောက်၏
ကာကွယ်လိုက်မှုကြောင့် လေနုအေး၏အေးမြမှုကို အပြည့်အဝခံစားမိသွားသည်။
ရင်းနှီးနေသော ကိုယ်သင်းနံကြောင့် ဘယ်သူဆိုတာ
မျက်လုံးတွေ ဖွင့်ကြည့်စရာမလိုပဲ သူ့နှုတ်ခမ်းတွေ
ပြုံးယောင်သန်းသွားသည်။
ရာစုသစ် .....သူနေပူထဲ အိပ်နေတဲ့ သူ့ဘေးကနေ
မျက်နှာပေါ်နေရောင်မကျအောင် ကာပေးနေမှန်းသိတော့ ရင်ထဲမှာနွေးထွေးသွားရသည်။တစ်ခါတစ်ခါ မင်းရဲ့ဂရုစိုက်မှုတွေက ငါဥပေက္ခာမပြုနိုင်လောက်အောင် တန်ခိုးကြီးလွန်းတယ် ရာစုသစ်..
မင်းနဲ့ပတ်သက်တိုင်း ခံစားရတဲ့ ရင်ထဲက ခံစားချက်တွေရဲ့
အမည်နာမကို ငါသိနေပေမယ့် ဖွင့်ပြောဖို့တော့မလိုလောက်ဘူးနော် ဘာလို့ဆို ငါတို့ဘယ်တော့မှဝေးသွားမှာမှမဟုတ်ပဲ
ဒီတိုင်းလေးပဲ တစ်သက်လုံး ရှိနေကြမှာပဲလေ။လှုပ်ရှားခြင်းမရှိ မျက်လုံးတွေ မဖွင့်ပဲ ပြုံးနေသည့်မျက်နှာလေးကို ကြည့်ရင်း ပါးခ်ျုင့်ခွက်တွေပေါ်သည်ထိ သူအားပါးတရပြုံးမိသည်။
တဖြေးဖြေး မြင့်တတ်လာသော အပူချိန်က
သူ့ကျောပြင်ကို တိုးဝင်နေပေမယ့်
ငုံ့ကြည့်နေမိသော မျက်နှာလေး ပြုံးနေလို့
ကျေနပ်သည်။
ပြောင်းလဲလာသော အရာတွေနဲ့အတူ
မကြာခန စွန့်ကျဲတတ်သော အပြုံးတို့ကို မြင်ရချိန်
ပင်ပန်းမှုအားလုံး ပြောက်ကွယ်ကုန်သည်ထိ။
သခင့်အနားမှာ ရှိနေရလျှင် သူဘယ်လိုပုံစံမျိုးနဲ့ပဲ
နေရပါစေ သူပျော်သည်။
စိတ်ချပါသခင် သခင့်နှုတ်ခမ်းထက်အမြဲလို
အပြုံးပွင့်ဖူးဖို့ ကျနော်ပျော်တော်ဆက်လို
ရူးသွပ်စွာ ဒူးထောက်ဖို့အသင့်ပါ။
YOU ARE READING
သခင့်ထံပါးခစားခွင့်ပေးပါ
FanfictionBL boyxboy Myanmar fanfiction.... အရင်acc hunhanlover မှာရေးနေတဲ့ficပါ ...acc ကဝင်မရတော့လို့ နောက်အပိုင်းသစ်တွေကို ဒီaccမှာပဲ ဆက်ရေးသွားမှာပါဗျာ ...