" ဒါ အမှန်ပဲလား "
" ဘယ်တုန်းကများ သုနြေ္ဒစီက သတင်းက
မမှန်ဘူးခဲ့လို့လဲ အန်ကယ်လ် "" အရင်တုန်းကတော့ ဟုတ်မှာပါ .. ဒါပေမယ့်
အခုကျ မင်းကတစ်ချိန်လုံး ရာစုသစ် အနားမှာပဲ
ရှိနေတာလေ မင်းကိုငါ့ဘက်ကပါလို့ ဘယ်လို ယုံကြည်
ရမလဲ "" သုနြေ္ဒက ဘယ်ဘက်ကပါလို့ မပြောချင်ဘူး .. အခု
သုနြေ္ဒ ပြောတဲ့စကားကို အန်ကယ်လ် မယုံကြည်လဲ ရတယ်
အန်ကယ်လ်နဲ့ သုနြေ္ဒ အလုပ်တော်တော်များများထိ
တွဲလုပ်ခဲ့ဖူးတာပဲ .. သုနြေ္ဒ ဘယ်လိုမျိုးလဲ ဆိုတာ
အန်ကယ်လ်သိမှာပါ "" hk .. okလေ သူကလေလွင့်ဆိုတာ အန်ကယ်လ်
လက်ခံတယ် .. သူကာဗာ ယူထားတဲ့ ရာစုသစ်
ဆိုတာက ရုပ်သေးရုပ် မဟုတ်ဘူး .. ကျား ...
ဒါကို မသိချင်ဆောင်ပေးရမှာက "" အန်ကယ်လ် ရှင်းချင်တာက နေမင်းသို့မဟုတ်လေလွင့်
ကိုပဲမှလား သုနြေ္ဒ တစ်ခုပဲ တောင်းဆိုတာပါ..
ရာစုသစ်ကို ဒီပြသနာထဲတော့ ဆွဲမထည့်ပါနဲ့ "" hk .. လက်စသတ်တော့ မင်းက မင်းအကောင်အတွက်
အပေးအယူ လာလုပ်နေတာကိုး ha ha .. "" အန်ကယ်လ် မှားနေပြီ .. သုနြေ္ဒ သူ့ကိုမထိခိုက်စေချင်ဘူး
ဆိုတာထက် အန်ကယ်လ် သူ့ကိုမသက်စေချင်တာ ..
အန်ကယ်လ် နောင်တရမှာဆိုးလို့ပါ "" ဟား ဟား ... စိတ်ဝင်စားသွားပီ .. လင်းစမ်းပါအုံး "
" သူက အန်ကယ်လ်ရဲ့ သားပါ "
" ဘာ .. ဟေး သုနြေ္ဒ မင်းလူအတွက် ဇာတ်လမ်းဆို
ရိုးလွန်းတယ်နော် .. ငါ့မှာ သားဘယ်တုန်းကမှ မရှိခဲ့ဘူး"" သေချာလို့လား အန်ကယ် .. စဉ်းစားကြည့်ပါအုံး "
မဖြစ်နိုင်တာတွေ လာပြောနေတာလား ..
အတတ်သေချာသလို
ပြောနေသည့် သူမပုံစံကို ကြည့်ကာ သံသယကဝင်ချင်လာသည် ..
တိုနီ ... လှည့်ကြည့်တော့ ပျက်ယွင်းနေသည့်မျက်နှာ...
ဒါက..
မင်းငါ့ကို နောက်ထပ်တစ်ကြိမ် သစ္စာဖောက်ပြန်ပြီလား...။
YOU ARE READING
သခင့်ထံပါးခစားခွင့်ပေးပါ
FanfictionBL boyxboy Myanmar fanfiction.... အရင်acc hunhanlover မှာရေးနေတဲ့ficပါ ...acc ကဝင်မရတော့လို့ နောက်အပိုင်းသစ်တွေကို ဒီaccမှာပဲ ဆက်ရေးသွားမှာပါဗျာ ...