Ep.28

5.6K 326 35
                                    




အထူးလူနာ ကြပ်​မတ်​​ဆောင်​ သီးသန့်​ခန်း.......။

အောက်​ဆီဂျင်​ပိုက်​​အောက်​မှ အသက်​ရှုသံသဲ့သဲ့ကလွဲရင်
ဆေးစက်​ကျသံပင်​ ကြားရသည်​အထိ ဆိတ်ငြိမ်​မှုက
ကြီးစိုး​နေသည်​ .....

ကိုမာတဲ့လား .....
မျော်​လင့်​ချက်​​ငွေ့​ငွေ့နဲ့ ​ရှေ့ဆက်​ခွင့်​ရလို့ ​ပျော်​ရမှာလား
ဒီတိုင်း မလှုပ်​မယှက်​ ရှိ​နေသူကိုကြည့်​ရင်း နာကျင်​​ကြေကွဲ
နေရမှာလား မသိ​တော့ .....

"သူ့ရဲ့ ကလီစာ​တွေထဲက အဆိပ်​​တွေအကုန်​ဖယ်​ရှား
လိုက်​နိုင်​ပါပြီ .. ဒါ​ပေမယ့်​ ဟိုမုန်းေ​တွက
သူရဲ့ဆဲလ်​​တွေထိ ပြန်​နှံ့သွားတာ​ကြောင့်​ ...
ူပြန်​ပီးသတိရလာမယ်
မရလာဘူးဆိုတာ​တော့ ကျ​နော်​တို့​ပြောလို့မရဘူး...
အချိန်​​တော်​ကြာထိ ​စောင့်​ကြည့်​ရလိမ့်​မယ်​ ​..
တစ်​ခု​တော့ရှိတယ် .. ပုံမှန်​လူဆို ဒီလို အ​ခြေအ​နေမျိုးမှာ
အသက်​ရှင်​​နိုင်​ဖို့ ခဲယဉ်းလွန်းတယ်​ ..
အကြီးစားခွဲစိတ်​မှုလုပ်​ထားတာ ရက်​ပိုင်းပဲရှိ​သေးချိန်
သွေးလွှတ်​​ကြောထဲ စီးဝင်​လာတဲ့ အဆိပ်​​တွေရဲ့
ဒဏ်​ကို ခံနိုင်​ဖို့က ဘယ်​လိုမှမဖြစ်​နိုင်​ဘူး ..
ဒါ​ပေမယ့်​ ....သူက​တော့ ဒါကို ​တောင့်​ခံထားနိုင်​တယ်​..
သူဒီလိုသာ ဆက်​ပီး အားတင်းထားနိုင်​မယ်​ဆို
သေချာ​ပေါက်​ ပြန်​​ကောင်းလာမှာပါ
အဲ့ဒီ​တော့ အားမ​လျော့ပါနဲ့ ... "





ရက်​​ပေါင်း43ရက်​ 1042နာရီ 24 မီးနစ်​ 3စက္ကန့်​ ရှိပြီ
ရာစုသစ်​...
မင်းဘယ်​ချိန်​ထိ အိပ်​​နေအုံးမှာလဲ.. .
ခွဲခန်းထဲက ထွက်​လာချိန်​ ဆရာဝန်​​ပြောခဲ့​သော စကား​တွေ..
ဒီစကား​တွေ​ကြောင့်​ အားတင်းရင်း ​မျှော်​လင့်​မိတယ်
မဟုတ်​ဘူး .. ကျ​နော်​ယုံကြည်​တယ်​ သူကျ​နော့်​ကို
ဘယ်​​တော့မှ တစ်​​ယောက်​ထဲ
ထားခဲ့မှာမဟုတ်​ဘူးဆိုတာ.....။



" ဘယ်​ချိန်​ထိလဲ ၁နှစ်​လား ...ဒါမှမဟုတ်
၂နှစ်​လား .. မင်းအဲ့​လောက်​ထိ အိပ်​​နေမှာလား ..
ဘာလဲ .. အမြဲတမ်း မင်းကပဲ ငါ့ကို
စကား​တွေအများကြီး ​ပြောခဲ့ရလို့ အခုမ​ပြောချင်​​တော့တာလား .. ငါ​မေးတာ ​ဖြေစမ်းပါ ...."


သခင့်​ထံပါးခစားခွင့်​​ပေးပါWhere stories live. Discover now