Ep.27

5.4K 328 63
                                    






" ရာစုသစ်​ ဘယ်​မှာလဲ "

"​နေ မင်းလှုပ်​ရှားလို့မရ​သေးဘူး "

" ဘာလို့မရ ရမှာလဲ ငါအ​ကောင်းကြီးရှိ​သေးတယ်
ရာစုသစ်​ ဘယ်​မှာလဲ ဘယ်​မှာလဲလို့ ငါ​မေး​နေတယ်​​လေ "

" လူနာ အရမ်းကြီး လှုပ်​လှုပ်​ရှားရှား
လုပ်​လို့မရ​သေးပါဘူးရှင်​ "

" ​နေ ခန​လေး သည်းခံစမ်းပါကွာ "

်​လွှတ်​လိုက်​တာနဲ့ ​ဆေးပိုက်​ကို ဆွဲဖြုတ်​မှာ စိုးကာ
လက်​ကိုလဲ မလွှတ်​ရဲ .. တစ်​ကိုယ်​လုံးရခဲ့တဲ့ ဒဏ်​ရာ​တွေက
နည်းတာမဟုတ်​ဘူး ​နေမင်းသခင်​ရဲ့ ​​နုနယ်​​ချော​မော​သော
ဂုဏ်​​တွေ​တောင်​ ​ပြောက်​ချင်​​နေပြီ ...
ပတ်​တီးအ​ဖွေးသားဖြစ်​​နေ​သော ​ခေါင်းက ငါးချက်​​​တောင်
ချုပ်​ထားရတာမို့ ဒဏ်​ရာအနီးကဆံနွယ်​တစ်​ချို့ပါ ကွက်​ရိတ်
ထားရတာ .. နှစ်​ချက်​ချုပ်​လိုက်​ရသည့်​ မျက်​ခုံးက
အနည်းငယ်​ ​ရောင်​ချင်​​နေ​သေးသည်​ .. ပီး​တော့ ပါးရိုးနဲ့
နှုတ်​ခမ်း​ဒေါင့်​စွန်းက ​သွေးစို့​နေ​သော အရာ​တွေ ....
ဒါတင်​မက​သေး ရင်​ဘက်​က ဒဏ်​ရာကပါ ​ပတ်​တီးပြန်​စီး
ထားရသည့်​အဖြစ်​ ... ဒါကို ကိုယ်​​တော်​က သတိရလာတာနဲ့
ရာစုသစ်​ကိုသာ တန်း​မေး​တော့သည်​ ...
ကိုယ့်​ကိုကိုယ်​ ကျဘာဖြစ်​​နေခဲ့လဲ ပြန်​မကြည့်​ပဲ .. ..။



" just ငါ​မေး​နေတယ်​ ရာစုသစ်​​ရောလို့
သူဘာဖြစ်​သွား​သေးလဲ "

" သူ ဟို "

" သူ ဘာဖြစ်​လဲ ​ပြောစမ်းပါမြန်​မြန်​ "

" သူအ​ရေး​ပေါ်ခန်းထဲမှာ "

" ဘာ "

" ဟာ ​နေ ဘာလုပ်​တာလဲ ... ​နေ .. ​နေ "



သူသိတယ်​ ဒီလိုဖြစ်​လာမယ်​မှန်း .. ဒါ​ကြောင့်
မ​ပြောချင်​ခဲ့တာ ...လက်​က အပ်​ကို ဆွဲဖြုတ်​ပီး​ပြေးထွက်​သွားတာ ကိုယ့်​ကိုကိုယ်​ ဒဏ်​ရာ​တွေနဲ့ဆိုတာ​တောင်
မေ့​နေပီလားမသိ....
ပြူး​ကြောင်​ကြည့်​​နေသည့်​ Nurse ​လေးကို ရတယ်​ဟု
ခေါင်းပဲညှိမ့်​ပြလိုက်​ကာ ​နောက်​က​ပြေးလိုက်​ခဲ့ရ​တော့သည်​။


သခင့်​ထံပါးခစားခွင့်​​ပေးပါWhere stories live. Discover now