Yo'POV
Sawardikhap 😍😍 ကျွန်တော့နာမည်က wayo ကျွန်တော့အဖေက အချမ်းသာဆုံးသူဌေးကြီးရဲ့ကားdriver အလုပ်ကို လုပ်ကိုင်ကာ ကျွန်တော့ကို ကျောင်းဆက်ထားပေးတယ် ကျွန်တော်အသက်၂၀ပြည့်ပါပြီ အလုပ်လုပ်လိုရပြီဖြစ်သော်လဲ အဖေက ကျွန်တော့ကိုပညာတက်ဖြစ်စေချင်လို့အလုပ်မလုပ်ခိုင်းပဲ စာပဲသင်ခိုင်းခဲ့တယ် second year Economic တက်နေသည် အထိ အဖေပဲ ပြုစု စောင့်ရှောက်လာခဲ့တာ
ကျွန်တော်တို့သားအဖ အဲ့သူဌေးကြီးရဲ့စံအိမ်တော်မှာနေပြီး ကျွန်တော် ကျောင်းဆက်တက်ခဲ့တယ်ကျွန်တော်သာဒီလိုမျိုးဝေဒနာတွေခံစားရမယ်ဆိုတာသာသိခဲ့ရင် ......
" သားရေ "
" ဗျာ ဖေဖေ "
" သားဒီနေ့အဖေစောစောသွားစရာရှိလို့ အဖေကျောင်းလိုက်မပို့်တော့ဘူးနော် "
ဒီအသက်အရွယ် ရောက်သည် အထိ အဖေကပဲ ကျောင်းကို လိုက်ပို့မြဲ ခု လိုက်မပို့ဖြစ်ဖူးဆိုတော့ တစ်မျိုးပေါ့ မနေနိုင်တဲ့အဆုံး မေးကြည့်တော့
"ဘာလို့လဲ appa ..."
" ဒီနေ့စံအိမ်တော်က သခင်လေး ပြန်လာမှာလေ အဲတော့."
" အဲ့တော့အဖေက ကြိုပေးရမယ်ဆိုတဲ့ သဘောပေါ့ 😔😔😔😔"
" ဟုတ်တယ် သားအဖေ့ကိုစိတ်မဆိုးပါနဲ့နော် "
ကျွန်တော်က အဖေ့ကို စိတ်ဆိုးရမယ်တဲ့လား မဆိုးရက်ပါဘူး အဖေရယ် ရှိတာမှ ဒီသားအဖ နှစ်ယောက်ထဲဟာ
"ရပါတယ် ဖေဖေရယ် ကျွန်တော်ကလေးမှမဟုတ်တော့တာ "kit" တို့ "beam"တို့နဲ့သွားလိုက်ပါ့မယ် အဖေသာဂရုစိုက်သွားနော် "
ကျွန်တော်အဲလိုလဲပြောပြီးတော့အဖေလဲ သခင်လေးဆိုသောလူကိုသွားကြိုပြိလေ
ကျွန်တော်လဲထုံးစံအတိုင်းကျောင်းသွားချိန်သွားရတော့တာပေါ့....
~~~~~ Slave of love ~~~~~ကျောင်းရောက်တော့
"ဟိတ် "yo" ဒီနေ့မင်းအဖေလိုက်မပို့ဘူးလား"
"အေးဟုတ်သားပဲ မင်းမျက်နှာလဲမကောင်းဘူး ဘာလဲနေမကောင်းဘူးလား "
သူတို့က ကျွန်တော့ ငယ်သူငယ်ချင်းတွေဆိုတော့ မျက်နှာ ကြည့်တာနဲ့ သိတယ်လေ ဒါတောင် မျက်နှာကို ပီပြင်အောင် နေပါတယ်ဆိုမှ သိသွားတယ်လေ သူတို့ ၂ယောက်က သေချာ ကြည့်နေတာကြောင့်
YOU ARE READING
အချစ်ရဲ့ကျေးကျွန် Uni+Zaw(Complete)
FanfictionMain couple "phayo" support couple "mingkit"&"forthbeam"