#Ring Ring Ring( ၉၉ )ခါ မြှောက် အဝင်သာရှိ၍ အဖြေမရှိတဲ့ ဖုန်းလေး အား Soo လက်မလျော့ တမ်းခေါ်နေမိတယ် ။ဒါဖြစ်မြဲပဲလေ။Soo ခေါ်ရင်သူဘယ်တော့မှမကိုင်။ သူစိတ်လိုရင် ပြန်ခေါ်မယ် မလိုရင် Soo ကို ဖုတ်နေတဲ့ ငပိ ရှိတယ်တောင်မထင်။ သိပါတယ် ကို က Soo ကိုတကယ်မချစ်မှန်း။ Soo ကို အပျော်တွဲနေမှန်း ။ Soo တို့ ဒီ Relation Ship ကို စတင်ခဲ့တာ 6 နှစ်ပြည့်တော့မယ် ။Soo နဲ့သူ နမ်းဖို့နေနေသာသာ သူ့လက်တောင်မကိုင်ဖူးဘူး ဆိုရင်လှောင်ကြမှာနော် ။ လက်မကိုင်ဖူးဆို သူနဲ့ Soo ငါးနှစ်ကျော်ကျော် အတွင်းမှာ လျှောက်လည်တယ်ဆိုတာ အရမ်းရှားလွန်းတယ် ။ ရည်းစားသဘာဝ တီတီတာတာလေတွေ ပြောချင်တာပေါ့ ။ ချစ်ကြောင်းလေးတွေ ပြောချင်မိတယ် ။ သူများတွေလို ရုပ်ရှင်ရုံသွားပြီး အချစ်ကားလေးတွေ ကြည့် ၊သရဲကားကြည့်ရင် သူ့ရင်ခွင်ထဲကို ဝင်ပုန်း၊ကုန်တိုက်တွေသွား Sooလိုချင်တာလေးတွေကို သူ့ကို ပူဆာ၊တရိစ္ဆာန်ရုံ မှာ သူ့လက်လေးကို တွဲပြီး လျှောက်သွားချင်တယ် ၊ ပန်းခြံမှာ ထီလေးဆောင်းပြီး သူများအတွဲတွေလို ရိုဆန်ဆန်နေချင်တယ် ၊ ကျောင်းသွားရင် သူ့လက်လေးကိုဆွဲ ရင်ကိုကော့ ခေါင်းကိုမော့ပြီး ဒါငါ့ရည်းစားဟေ့ ဆိုပြီးကြွားချင်တာ မိန်းကလေးသဘာဝလေ။အို အတွေနဲ့တောင် ဒီလောက်ပျော်ဖို့ကောင်းတာ လက်တွေ့ဘဝမှာ ဆို ရင် သိပ်ပျော်ဖို့ကောင်းမှာ။ကျေးဇူးတော့တင်ပါတယ် အခြားမိန်းကလေးတွေကို တစ်လ ပဲ တွဲတဲ့ လူက ကျွန်မကို ခြောက်နှစ်နီးပါးထိ မဖြတ်ပဲထားလို့ ၊တွဲစရာ ကုန်ကုန် Soo ဆီကိုပြန်လာပေးခဲ့တာပဲလေ၊လူသိမခံတဲ့ relation တစ်ခုပဲ ဖြစ်နေစေဦး လမ်းခွဲ မယ်ပြောတိုင်း Soo တောင်းပန်ရင် မချိပြုံးလေးကို ပြုံးရင် အဲ့လို အလိုက်သိပေါ့ဆိုပြီး မဖြတ်ပဲနေခဲ့ပေးတာပဲ Anni present တို့ surprise တို့ propose တို့က Soo မမျှော်လင့်သင့်ဘူးလို့ ထင်ပါတယ်။ Soo ကို့ကို အပြစ်မမြင်ပါဘူး ။ သူ့ကို မမုန်းနိုင်တဲ့ ကိုယ့်ကိုကို သာ ပိုမုန်းတယ် ။ Soo ကြယ်ကြွေတိုင်းဆုတောင်းမိတယ် တစ်နေ့ နာကျင်မှုကို လစ်လျူရှုပြီး ကိုSoo ကို ဥပက္ခာပြုခဲ့ သလို Soo လဲ ဥပက္ခာပြုနိုင်မဲ့ တစ်နေ့မြန်မြန်ရောက်ချင်ပြီ ။ အခုထိတော့ သူပြုသမျှ မျက်ရည် များနဲ့ ခါစည်းခံ ရုံမှ တစ်ပါး အခြားမရှိ ။အခါ (၁၅၀)မြှောက်မှာတော့ သူဖုန်းလေးအား ပိတ်သွားခဲ့ ပြီလေ ။ လူကြီးမင်းနဲ့ တိုးတိုင်းငိုနေရတဲ့ Soo အကျင့်သားရသွားတဲ့တစ်နေ့ သူ့ကိုမေ့နိုင်မှာပါ ။နာကျင်မှု ကို လက်ခံနိုင်တဲ့နေ့ သူ့အား လစ်လျူရှုနိုင်မှာပါ ။ မိုးမြင့်ထက်က ကြယ်တစ်ပွင့်ကို ချစ်မိတော့ နာကျင်မှု ကိုသာ လက်ခံရုံပေါ့.........
#အချစ်ကြီးသူက ရှုံးတာဓမ္မတာပဲလေ
*****
#Ring Ring
"ကျစ်"
ကျွန်တော်စိတ်ရှုတ်စွာပင် ရွှေရောင်ဖျော့ဖျော့ ဆံပင်ကို သာ ဆွဲဖွလိုက်မိ၏ ။ ကျွန်တော်လို King တစ်ယောက်ကို ရည်းစားအဖြစ်ရထားတာကျေနပ်ပေါ့ ။ တခြားကောင်မလေးတွေကို တစ်လနဲ့ ဖြတ်ပစ်ခဲ့ရင်တောင် သူမကို မဖြတ်ဖြစ်ခဲ့ ။ တွဲစရာကုန်ရင် သူမဆီ လာတွေ့နေတာပဲ ။တစ်လတစ်ခါလာတွေ့နေတာပဲ ။ ပျော်နေသင့်တာ ။ ဖုန်းဆို တစ်နေ့တစ်နေ့ အခါတစ်ရာလောက် ဆက်နေတာ တစ်ခါ နှစ်ခါ မကိုင် ရင်ဆက်မခေါ်နဲ့ပေါ့ ။နည်းနည်းပါးပါးနားမလည်ဘူး။ စိတ်ညစ်တယ် သူမနဲ့ ကျွန်တော်မတွေ့ခဲ့သင့်ဘူ ။ ဖုန်းလေးကတော့ တတီတီ မြည်ဆဲ။ မဖြစ်တော့ စက်ပိတ်မှ အေးတော့မည်။
"Chanyeol"
"ဟင်"
"မင်း Soo ကို ဥပက္ခာ အရမ်းမပြုသင့်ဘူးလို့ ငါထင်တယ်"
"ဘာလို့"
"မင်းသူ့ကိုတော့တကယ်ချစ်ပါတယ်ကွာ"
"ဘာလဲ ခြောက်နှစ်ကျော်တွဲလို့မလား နှလုံးရောဂါသည်မို့သနားလို့ပါကွာ ။ ကြိုက်ရင်တော့ Dara လိုစကီလေးကိုမှ ကြိုက်မှာပေါ့"
"မင်းစိတ်ကို မမြင်တာပါကွာ မင်းကို သူလစ်လျူရှု တဲ့တနေ့ မှ မင်း နောင်တမရနဲ့ Soo ရဲ့ ဖြူစင်မှု အတွက် မင်းတစ်နေ့အပြစ် ခံရလိမ့်မယ်"
"ဟား ဟား Kai မင်းက Dancer ထက် လူရွှင်တော် line ကို ရွေးချယ်ခဲ့သင့်တာ"
"Soo ပစ်သွားတဲ့တစ်နေ့ မင်းအဲ့လိုဂယ်နိုင်ပါစေ"
ထွက်သွား တဲ့ Kai ကျောပြင်အား ကြည့်ရင်းတဟား ဟား အော်ရယ်ရင်းကျန်ခဲ့တာကတော့ အနှီ Park Chan Yeolပါ ။
*****
1108
29/10/17chanyeolexol12 မမ သမီး ရေးပေးတယ်နော် အရေးအသားမကောင်းရင်တော့မသိဘူး။