"ဆူး"
ဆူးတစ်ယောက်ကျောင်းကို လာတဲ့ လမ်းမှာ
အနောက်က တစ်ယောက်ယောက် ခေါ်သံ
ကြောင့်
"ဟင်"
ကို သူဘယ်လိုလုပ်ပြီး...သူဆူးဆီကိုလာ
တယ်
"ရော့ မနေ့က မင်းဖုန်း"
"အာ ဟုတ်ကျေးဇူးတင်ပါတယ်"
ဟုတ်သားပဲ သူလားဆူးဆီကို အလုပ်ရှုပ်
ခံပြီးလာမှာ ဆူးကို ရှိတယ်လို့တောင် ထင်ရဲ့လားသိ....
သူလား ဆူး ကို ဂရုစိုက်ပေးမှာ ...
သူလား ဆူးကို အချိန်ပေးမှာ...
သူ့ရဲ့ ချစ်တယ်ဆို့တဲ့ စကားကိုမျှော်လင့် နေမဲ့အစား ... နွေခေါင်ခေါင် မိုးရွာမယ်ဆို
တဲ့ အတွေးကိုပဲ တွေးလိုက်တာ ပိုမှန်ကန်
လိမ့်မယ်နော်....
"သွားလိုက်ပါဦးမယ်"
စိုက်ကြည့်နေတဲ့ သူ့ကို ဆူး ကျောခိုင်းလိုက်
မိတယ် မဟုတ်ရင်တောင် သူက အမြဲကျော
ခိုင်နေကြလေ...
သူခိုင်းသွားတဲ့ ကျောပြင်ကို ကြည့်ရတာ အရမ်းရိုးနေပြီမလား...
တစ်ခါလောက်တော့ သူဆူးကျောပြင်ကို
ကြည့်သင့်ပြီလို့ထင်တယ်....
နာကျင်မှုတွေများလာတဲ့ ဆူးကို သူအားနာ
စိတ်လေးတော့ရှိသင့်ပြီ...
တစ်ခါလောက်ဖြစ်ဖြစ်ပေါ့....
"ခဏ ငါမနက်လာခေါ်မယ်ပြင်ထား"
ဘာရယ် ... သူက ဆူးနဲ့ အတူတူ အပြင်
သွားမယ်..
ဟင်အင်း အရင်ချိန်တုန်းဆူးမဟုတ်တော့ဘူး..
သူငယ်ချင်းတွဲနေတဲ့လူနဲ့ ဒိတ်ရအောင် အောက်တန်းမကျဘူး....
"မနက်ဖြန် ဆူးမအားဘူး"
ကို ပြောတိုင်း ဆူးခေါင်းမငြိမ့်နိုင်သေးဘူး
အထူးသဖြင့် ကို နာယောင်းနဲ့ တွဲနေချိန်
မှာပေါ့
အကြောင်းပြချက်ကတော့ နာယောင်က
ဆူးရဲ့ သူငယ်ချင်းကောင်းဖြစ်နေလို့ပဲ ကို
အခုကစပြီး ဆူး ကို့ဆီမှာ အမြဲနာခံနေမဲ့
ကြောင်လေး မလုပ်ချင်တော့ဘူး
