ဥပက္ခာ

709 89 35
                                    

Point Of Soo Pov ;

"Soo "

"Arr NaYoung"

"မိတ်ဆက်ပေးမို့"

"ဘယ်သူ့နဲ့တုန်း"

"Boy Friend"

~ကျွန်မသူငယ်ချင်း NaYoung တကယ်ပျော်နေတာ သူမအမေဆုံးထဲက မမြင်ရတော့တဲ့ သူရဲ့အပြုံးလေး ၊ ကျွန်မကရော မွေးကတည်းက မရှိခဲ့တဲ့ ကျွန်မရဲ့အပြုံး ။ ပျော်ရွှင်မှုဆို့တဲ့ အရာဟာ ဘယ်ဆီနေမှန်းကိုမသိ ။မွေးတဲ့မိဘတောင်မချစ်လို့စွန့်ပစ်ခဲ့သေတာပဲ ဟက် သူမချစ်တာတော့မဆန်းပါဘူး ။လိုချင်မိတယ် တစ်ရက်လောက်ဖြစ်ဖြစ် သူ့ရဲ့လက်ကို တွဲပြီး ဒါငါ့ချစ်သူဆိုပြီး Nayoung ကိုကြွားချင်မိတယ် ။ မဖြစ်နိုင်မှန်းသိနေပေမဲ့ပေါ့

"Jargi"

"ကို "

~Hk ဘယ်ဘဝက ကုသိုလ်များလဲ့ ကိုယ့်ရည်းစားကို သူများက လက်ဆွဲပြီး ဒါငါ့ရည်းစားဆိုတဲ့မိတ်ဆက်ပေးမှုကို ခံစားဖူးလား၊မြင်ဖူးလား ကိုယ်ချစ်ရတဲ့သူက ကိုယ့်ရှေ့မှာ
ကိုယ်မဟုတ်တဲ့ အခြားသူကို အဖြစ်သည်းပြနေတာကို ၊ ကိုယ်တောင်မရဘူးတဲ့ ဂရုစိုက်မှုတွေကို အခြားသူကို ပေးနေတာကို ၊ အောင့်တက်လာတဲ့နှလုံးသားလေးကို လစ်လျူရှုပြီး စားလက်စ အာလူးထမင်းသုတ်ကိုသာ မဝင်မှန်းသိပေမဲ့ အတင်းမျို့ချနေမိတဲ့ အကျိုးဆက်နေနဲ့ စားသမျှအကုန် ပျို့တက်လာလို့ သန့်စင်ခန်းမှာ မကုန် ပြန်ထုတ်လိုက်တော့တယ် ။ အောက်တက်လာတဲ့ ရင်ဘက်ထဲက နှလုံးသားအတွက် ပိုက်ဆံအိတ်ထဲက နှစ်လုံးသာကျန်တော့တဲ့ ဆေးလေးကို ထုတ်သောက်လိုက်တော့တယ် ။ တစ်လလုံးအတွက် ဆေးမရှိတော့တဲ့အတွက် ဒီတစ်လလုံးရောဂါဒဏ်ကို ကျိတ်ပြီးခံရတော့မှာပေါ့ ။နှလုံးဆေးက ဈေးကြီးလွန်းတယ်လေ။တစ်လလုံးလုပ်တဲ့ အချိန်းပိုင်းအလုပ် ၅ခုကရတဲ့ လစာနဲ့ဆိုရင်တောင် တစ်လစာအပြည့်မဝယ်နိုင်ဘူးလေ။

"နင်သန့်စင်ခန်းသွားတာကြာလိုက်တာ"

"လမ်းမှာဆရာမနဲ့တွေ့နေလို့ဟ "

"အတန်းထဲသွားတော့မလို့လား"

"မဟုတ်ဘူး ငါအချိန်ပိုင်းအလုပ်ဆီသွားတော့မယ် ဒီနေ့က Lecture ချိန်တွေပဲဆိုတော့ ငါနင့်ဆီကပဲ ပြန်ကူးတော့မယ် ။ "

"ဟာ နင်ကလဲ ငါတစ်ယောက်ထဲ"

~ဆူပုတ်ပုတ်ပြောလာတဲ့ ကျွန်မသူငယ်ချင်းက တကယ်ကိုပါ ဘယ်ဘဝက ဆုတောင်းကောင်းခဲ့သလဲမသိ ချစ်ဖို့လဲကောင်း၊ချောလဲချော ပိုက်ဆံကလည်းရှိ အင်းပေါ့ ကျွန်မလို ရုပ်ကဆိုးဆိုး ၊ပုံကတုံးတုံး၊ရောသည် ပိုက်ဆံကလဲမရှိ တဲ့ကျွန်မထက် NaYoung က သူနဲ့ပိုလိုက်ဖက်ပါတယ် ။

"ငါမှာဆေးကုန်နေပြီဟ"

"ဟင် ငါ့ဆီက ပိုက်ဆံယူလေ အလုပ်မသွားပါနဲ့ဟာ"

~ဆေးကုန်ပြီလို့ပြောတော့ ကျွန်မမျက်နှာကို သူကြည့်လာသေးရဲ့ Hk ဟန်ဆောင်တက်လိုက်တာ ။မဟုတ်ပါဘူး သူက ဟန်ဆောင်နေတာမဟုတ်ပဲ ကျွန်မကို တကယ်မချစ်ခဲ့တာကို Soo မေ့နေတာပဲ ။ မဖြစ်နိုင်မှန်းသိရက်နဲ့မျှော်မှန်းနေတဲ့ Sooကသာ အရူးပါ ။

"မယူတော့ပါဘူး ဒီတစ်နေ့လုံး cafe မှာ သွားလိုက်ရင် တစ်ပတ်စာ ဆေးရပါပြီဟ"

~ကျွန်မလိမ်ပြောလိုက်တာပါ ။တစ်နေ့လုံးသူတို့မျက်နှာကို ရောဂါပိုတိုးစေမဲ့အစား အလုပ်လုပ်ပြီး ဆေးကို တစ်ရက်စာရရ နှစ်ရက်စာရရ ဝယ်နိုင်အောင် အလုပ်လုပ်လိုက်တာ Soo အတွက် ပို ကောင်ပါတယ်လေ

"Soo ကလည်း ငါOppa နဲ့ လျှောက်လည်ချင်လို့ပါ ဆို "

"လည်လေ နင်တို့လည် ငါက ဆိုင်သွားရှင်းနေတာကို ငါမသွားလို့မဖြစ်ဘူးဟ ငါ့ဆေးမရှိရင် ငါသေနိုင်တာ နင်သိရဲ့သားနဲ့ သွားပြီနော် ချစ်ဆုံး မနက်တွေ့မယ်"

~Nayoung ကိုမြန်မြန်ပြောပြီးထွက်လာလိုက်တော့တယ် ။သူတို့နှစ်ယောက် လုံးရှေ့မှာ တစ်စက္ကန့်တောင် မနေချင်တော့ အငွေ့ဖြစ်သာပျောက်ကွယ်သွားချင်မိတော့တယ် ။ မုန်းချင်လိုက်တာ Park Chanyeol
ရယ်။နောင်ဘဝရှိရင်တောင် နင်နဲ့ငါမတွေ့ချင်တော့ဘူးဟာ နင်ရှိတဲ့နေရာမှာတောင်ငါမနေချင်ဘူး ။

#ငါနင့်ရဲ့ ဥပက္ခာတရားတွေ ဟန်ဆောင်မှုတွေကို ခံနိုင်ရည်ရှိချင်ပြီ

*****

မျှော်နေတဲ့လူရှိလားဟင် ။  အရှက်မရှိမေးတာပါ ။ဘယ်သူမှ မမျှော်ဘူးဆိုတာခြူးသိပါတယ် ။ဒီလောက်စုတ်ပြက်သက်နေတာကိုနော်။

ဥပက္ခာWhere stories live. Discover now