Ep-1

897 25 0
                                    

လွန်ခဲ့သောနှစ်ပေါင်း ခုနှစ်ထောင်ခန့်ကဖြစ်သည်။

နဂါးမျိုးနွယ်တို့ ခေါင်းဆောင်နေရာ ပြောင်းလွှဲရန်ပြင်ဆင်နေကြသည်။
မီးစွမ်းအင်... 🔥🔥
နူးညံ့ပြီး စွမ်းအားရှိသည်.. ကိုင်တွယ်ရန်လည်း အလွန်ခက်ခဲသည်။

ယနေ့ မှ Wu yi fan ပွဲလာကြည့်မိသည်။
မျိုးနွယ်ခေါင်းဆောင်ကူးပြောင်းပွဲမှာ နှစ်နှစ်ဆယ်
တစ်ကြိမ်ကျင်းပသည် ။
Yi fannie သုံးနှစ်သမီးအရွယ်က Pa Pa နဲ့ လိုက်ကြည့်ဖူးပေမဲ့ သိပ်မမှတ်မိချင်.... ။
ယခုမှ သေချာကြည့်မိတော့ ပွဲမှာကြီးကျယ်ခမ်းနားသလောက် အပ်ကျသံမကျရလောက်အောင် မျိုးနွယ်စုတို့ တိတ်ဆိတ်နေကြသည်။
မကြာခင် သခင်မကြီးက စွမ်းအားတွေလွှဲပြောင်းတော့မည်ကို....
မျိုးနွယ်စုဝင်များ ကလေးပါမကျန် သခင်မကြီးကို ခေါင်းငုံ့ အရိုသေပေးထားရသည်။
စွမ်းအင်မှာ လွှဲပေးချင်တိုင်းလွှဲလို့မရ။
ထိုက်တန်တဲ့သူအား ဘိုးဘွားဘီဘင်တို့၏ ဝိညာဉ်ကရွေးချယ်သည်။
သခင်မကြီးက တဆင့်ပြောင်းလွှဲပေးရသည်။

ဗုံတွေတဖြည်းဖြည်းစတီးသည်။
မီးနဂါးများအား ဆက်ပူဇော်လေသည် တဖြည်းဖြည်းနှင့် သခင်မကြီး power စပြတော့သည်။
မီးစွမ်းအင်အားကို ကျွမ်းကျင်စွာကစားပြသည်။
ကြည့်နေရင်း သခင်မကြီးမှာ ယိမ်းထိုးကလိုက်... ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်နှင့် အာရုံခံနေသည်။
ထို့နောက် လူအုပ်ထဲကို လှမ်းကြည့်သည်။
နောက်ဆုံးမှာ ရပ်နေတဲ့ yi fan ဆီ လျှောက်လာသည် ..

" ဘိုးဘွားတွေ ရွေးချယ်လိုက်တဲ့ ခေါင်းဆောင်သစ်ကတော့ ဒီကလေးမဘဲ "

"ခေါင်းဆောင်သစ်ကို အရိုအသေပြုကြ ...."
"သခင်မ yi fan ကျန်းမာပါစေ"
" မျိုးနွယ်အင်အား ပိုချဲ့နိုင်ပါစေ"

Yi fan ကိုယ့်ကိုယ်တောင် မယုံနိုင်
ရလာတဲ့တာဝန်ကကြီးလေးလွန်းလှသည်ကို...
Pa Pa ကိုယ်တိုင်ကတောင် ဦးညွှတ်နေသည်။
ဖြစ်လာမှတော့မထူး မီးမျိုးနွယ်သမီး ပီသစွာ
ဒီတာဝန်ကိုယူရမည်..
မျိုးနွယ်အင်အားစု ဒီထက်ကျယ်ပြန့်အောင် လုပ်ဆောင်ရမည်သာဖြစ်သည်။ .း

သခင်မကြီးက မီးစွမ်းအင်တွေကူးပြောင်းပြီးသည်နှင့် စတင်အနားယူသွားလေပြီ။

The legendary king of love Where stories live. Discover now