Ep-3

379 27 5
                                    


မျက်နှာအရမ်းနီးနေတဲ့သူတို့နှစ်ယောက်
Yi fan အသက်တောင်မရှုရဲ
သူ..သူ့ မျက်လုံးလေးတွေက မှေးမှေးလေးဆိုပေမဲ့ အကြည့်တွေက တောက်ပနေသည်။
တကယ်ဆို yi fan က လူကောင်တောင်ကြီးနေသေးသည်။
အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်းနဲ့
မိန်းမတန်မဲ့ ယောကျာ်းတစ်ယောက်ထက် ခွန်အားရှိသော yi fan ..
ခုလည်း အရင်လို yi fan စိတ်နဲ့ဆို သူ့စကားနားထောင်မိမှာမဟုတ်ဖူး။
တစ်ခြားသူသာဖြစ်နေကြည့် မျက်စောင်းတစ်ချက်နဲ့တင် ပြာချပေးလိုက်လို့ရသည်။
ခုသူ .....
စွမ်းအားရှင်မို့လို့ ကြောက်တာမဟုတ်။ yi fan နှလုံးသားက အနိုင်ရသွားလို့သာ သူစကားနားထောင်တယ်ပြောရင် ပိုမှန်ပါလိမ့်မည်။
"အင်း.... ကောင်းပြီလေ ကျွန်မ လူမသတ်တော့ပါဖူး ရှင်... ရှင် ဒီကမ္ဘာမြေကိုထပ်လာအုံးမှာလားဟင်...."

" ငါက လူသားတွေကို ငြိမ်းချမ်းစေချင်တာဘဲရှိတာ။ တာဝန်ပြီးဆုံးရင် ကောင်းကင်တိုင်းပြည်ကို ပြန်ရမှာ ..."
ဒါနဲ့လေ ...မင်းက အရမ်းလှတာဘဲ။ ကောင်းကင်တိုင်းပြည်မှာတောင် မင်းလောက်လှတဲ့နတ်သမီးမရှိဖူး.." သေချာစိုက်ကြည့်ပြီးတော့ ပြောချလိုက်တော့

Yi fan မျက်နှာလေးတွေ မီးတောက်ပမာရဲသွားသည်။
သူ့ဘဝမှာ ကြင်ကြင်နာနာ နွေးနွေးထွေးထွေး ဆက်ဆံခံရတာ တစ်ခါမှမရှိဖူးလေ။
အာဏာရှင်မို့ အမြဲတမ်းခက်ထန်နေတဲ့သူမကို ဘယ်သူမှမော်တောင်မကြည့်ရဲကြ။
စစ်ရှုံးမျိုးနွယ်စုတွေဆို သူမကိုမုန်းလွန်းလို့ ကျိန်ဆဲခံရပေါင်းလည်း မနည်းတော့။

"ဟုတ်လို့လား။ ကျွန်မက အမြဲသွေးတွေချွေးနဲ့ တိုက်ပွဲမှာ အချိန်ကုန်နေရတဲ့သူပါ။ မိန်းကလေးဆိုပေမဲ့ အလှအပဆိုတာ ဘာဆိုဘာမှန်းသိတာတောင်မဟုတ်ဖူး။"

" သခင်မ .... သခင်မ yi fan "
မီးတုတ်တွေတရန်းရန်းနဲ့ အပြင်မှာသူ့ကိုလိုက်ရှာနေတဲ့ သူ့မျိုးနွယ်တွေလာပြီထင်ပါရဲ့။

"ရှင်...ရှင်..သွားတော့။ ကျွန်မကို ဒီနေ့ကယ်ပေးတာ ကျေးဇူးဘဲ။ ကျွန်မမျိုးနွယ်တွေနဲ့ ရှင်တွေ့ရင် ရှင်သက်သာမှာမဟုတ်ဖူး။
သူများအပေါ် ကျွန်မအကြွေးမတင်တတ်ဖူး။
ဒါ.... ရှင့်ကိုပြန်ကျေးဇူးဆပ်တယ်လို့သဘောထားလိုက်

The legendary king of love Where stories live. Discover now