Ep-2

437 16 0
                                    

Yi fan နေရာမှ ထွက်လာခဲ့တော့သည်။
အစွမ်းအစရှိပေမဲ့ မိန်းမတစ်ယောက်ရဲ့အလှမှာလွယ်လွယ် အရှုံးပေးတတ်သော ယောကျာ်းတစ်ယောက်မို့အထင်မကြီးနိုင်။
မနူးညံ့တတ်တော့သော နှလုံးသားကြောင့်မို့လားမသိ။
အချစ်ကို ခံစားလို့မရဖြစ်နေသည်။
Pa Pa ကလည်း လွန်ခဲ့သောလက တိုက်ပွဲတစ်ခုမှာကျသွားသည်။
Yi fan စိတ်တွေက ပိုကြမ်းလာသည်။
မျိုးနွယ်စုအကြီးအကဲတွေက သူတို့သခင်မ ပိုကြမ်း ပို power ရှိလာလေ ပိုသဘောတွေ့လေ ဖြစ်လေသည်။

ဤသို့နှင့် Yi fan တစ်ယောက် တစ်ကမ္ဘာတစ်ခုလုံးကို ထင်တိုင်းကြဲ နယ်မြေချဲ့လေတော့သည်...

နေရာတိုင်းမှာ မီးတောက်တွေ......
ငိုယိုနေကြတဲ့ စစ်ရှုံးမျိုးနွယ်စုတွေက ကလေးငယ်တွေရဲ့အသံတွေ တသောသောညံနေသည်။
နေ့စဉ်နှင့်အမျှ ကမ္ဘာကြီးက တဖြည်းဖြည်းပျက်စီးချင်လာသည်။
............................................................

Byun Baekhyun.......

ကောင်းကင်ဖန်ဆင်းရှင် သားတော်
စိတ်ထားနူးညံ့သည်။ ဖြူစင်သည်။
ကြင်နာတတ်သော နှလုံးသားက ကမ္ဘာမြေပေါ်က နေ့စဉ်နှင့်အမျှ ငိုကြွေးနေသောအသံတွေကို နားထောင်နိုင်စွမ်းမရှိတော။့ လူသားတွေကို ကြင်နာပေးချင်သည်။ ငြိမ်းချမ်းစေချင်သည်။
ထိုကြောင့် ကမ္ဘာမြေကို ငြိမ်းချမ်းအောင်
ပြုလုပ်ဖို့ စေလွှတ်ပေးရန်
Byun..... ဖန်ဆင်းရှင်ကို ခွင့်တိုင်သည်။

......................................

ကမ္ဘာမြေပေါ်ကို Byun ခြေချသည်နှင့်တပြိုင်နက်
မြင့်မြတ်သောတောင် "တဲ့ဘတ်တောင်"ကိုရွေးချယ်လိုက်​သည်​။
ရှင်းရီဆိုသောရွာကို စ အုပ်ချုပ်သည်။
လူတွေက တဖြည်းဖြည်းနဲ့ အကြင်နာတရားရှိသော နည်းမှန်လမ်းမှန် အုပ်ချုပ်သော Byun ထံ ခိုလှုံလာကြသည်။

Byun ဂျိုဆွန်းနိုင်ငံတော်ကြီးကို ဆက်ထူထောင်လိုက်သည်။
အာ့ပြီးတာနဲ့ Byun ကောင်းကင်က
နတ်မင်းသုံးပါးကိုပါ ဆင့်ခေါ်လိုက်သည်။
တိမ်နတ်သား နတ်မြွေမိကျောင်း
Kim Jong Dae ကို အရှေ့ဘက်ကို စေလွှတ်ပြီးတော့ အုပ်ချုပ်စေသည်​။

The legendary king of love Where stories live. Discover now