Ep-4

249 22 0
                                    

Yeollie .......
သူမ အရမ်းချစ်ဖို့ကောင်းသည်။
နားရွက်ကားကားလေးတွေနဲ့ အမြဲတမ်းရယ်မောနေတတ်သောသူလေး....
ကြင်လည်းကြင်နာတတ်သည်။
ကောင်းကင်ဘုံက နတ်သမီးတွေထက်တောင် စိတ်နှလုံးသားဖြူစင်သည်။
Aww .... ဒီလူသားနဲ့မှ byun Baekhyun
တစ်ယောက် ကြွေဆင်းသွားရတော့သည။်
တကယ်တော့ သူ့ရဲ့ဖြူစင်ပုံလေးကို
ချစ်မြတ်နိုးမိ သွားရတာပါ။
ခုလည်း သူငိုနေတာကို မကြည့်ရက်။
သူနာကျင်သလို ကိုယ့်ရင်ထဲတစ်ဆစ်ဆစ်ခံစားရသည်။
တကယ်တော့ လူသားတွေကို တာဝန်ယူစောင့်ရှောက်ဖို့ ခမည်းတော်ကို ကိုယ်တိုင်ခွင့်တောင်းခဲ့သည်မလား။
ခုလို သွေးချောင်းစီးနေတာကို ထပ်လက်ပိုက်မကြည့်နိုင်တော့။
လူသားတွေကို ကိုယ်ထင်ပြပြီး သေချာအုပ်ချုပ်ဖို့ဆုံးဖြတ်လိုက်တော့သည။်
_____ 🔥🔥_______🔥🔥______

"သခင်မလေး... Yeollie ကုသလို့ပြီးပြီလား။
ပြီးရင် တဲ့ဘတ်တောင်မှာ မျိုးနွယ်စုတွေ အစည်းအဝေးရှိပါတယ်။
အာ့မှာ ခေါင်းဆောင်တွေက ဆွေးနွေးကြမှာ။
သခင်မလေးလည်းတက်ရမယ်"

"ဟင်... အဘွားရယ်  Yeollie မသွားချင်ဖူး။
အဘွား Yeollie ကိုယ်စားတက်လို့မရဖူးလား။
ဒီမှာကုသရမဲ့ဟာတွေ ကျန်သေးတယ်​။
ပြီးရင် အိမ်ခြံမြေတွေ ကူဆောက်ပေးရမယ်​။
ဆန်ပြုတ်တွေလည်း ဝေပေး ကျွေးရမယ်။
Yeollie မှာလုပ်စရာတွေ အများကြီး .....

"အမယ်လေး သခင်မလေးရယ်..... ဒီအလုပ်တွေ.... လက်အောက်ငယ်သားတွေခိုင်းလည်းရပါတယ်။
အဘွားလည်း လုပ်ပေးမှာပါ။
ဒါပေမဲ့ အစည်းအဝေးပွဲကို Yeollie တက်မှဖြစ်မှာ။
ပြီးတော့ အရှင် Byun နတ်မင်း ပါ ကြွမှာ။
မီးနဂါးအုပ်စုက တဖန်အင်အားကြီးလာပြီလေ။
ပြန်တိုက်ခိုက်နိုင်ဖို့ အဘွားတို့မျိုးနွယ်လည်း ကြိုတင်ပြင်ဆင်ထားရမယ။်
အာ့တော့ ဒီပွဲကို တက်ပါ Yeollie ရယ်....နော်"

"Aww... ခက်တော့တာဘဲ အဘွားရယ် ...
Yeollie မှ တိုက်ခိုက်ရတာမကြိုက်တာ....
မြားပစ်တာတောင် ဝါသနာပါလို့သာ ....
ဘယ်တော့မှ လူ့အသက်မသတ်ဖူးဆိုတာ အဘွားလည်းသိရဲ့သားနဲ့။

"အဘွားလည်း သိပါတယ။် ဒီပွဲကလေ အရှင် Byun ကိုယ်တိုင်ကြွမှာမို့ ခေါင်းဆောင်တွေအကုန်တွေ့ချင်တယ်ဆိုလို့။
ပြီးတော့ သွားလေသူ သခင်ကြီးဘာမှာသွားလည်း။
မျိုးနွယ်ကိုအစွမ်းကုန်စောင့်ရှောက်ပါဆိုတာလေ။
သခင်မလေး ငဲ့ပါအုံး...."
ပြောရင်း ငိုလာသောအဘွား

The legendary king of love Where stories live. Discover now