Ep-7

81 10 4
                                    

Yeollie နဲ့အရှင်​သည်​ တဖြည်းဖြည်းရင်းနှီးမှုရလာခဲ့သည်​။
တစ်​​ယောက်​နဲ့တစ်​​ယောက်​ အ​ပျောက်​မခံနိုင်​ရ​အောင်​ ချစ်​ကြသည်​။
လူသား​တွေကို အုပ်​ချုပ်​​သော အရှင့်​ ​ဘေးနားမှာ yeollie
ပါရမီဖြည့်​ရင်း​ နေရသည်​ကို နှစ်​သက်​သည်​။ နဂိုတည်းက
လူ​​တွေကို ကူညီ​ပေးချင်​​သော ဆန္ဒ​လေးသည်
ပိုအား​ကောင်းလာသည်​ ဆိုရမှာ​ပေါ့။
အခုတ​လော မီးမျိုးနွယ်​စုသည်​ အ​တော်​ငြိမ်​နေကြသည်​။
ဟိုတစ်​ခါ တိုက်​ပွဲ အပြင်းအထန်​ ဖြစ်​ပြီးသည့်​​နောက်​မှာ မျိုးနွယ်​စု​တွေမှာ ငြိမ်းငြိမ်းချမ်းချမ်းနှင့်​ ရှိ​နေသည်​။
ဒါ​ပေမဲ့ အပျက်​အစီးအထိအခိုက်​က များသည်​မို့ ယခုပြန်​လည်​ ပြင်​ဆင်​​နေကြသည်​။ ​ယောကျာ်းသား​တွေက တဲအိမ်​​တွေ ပြန်​လည်
တည်​​ဆောက်​​နေကြသည်​။ yeollie က​တော့ စားဖို့​သောက်​ဖို့ ဖရုံသီးဆန်​ပြုတ်​ကို ကိုယ်​တိုင်​ ကျိုချက်​​နေသည်​။
အရှင့်​ကိုလည်း သုံး​ဆောင်​​စေချင်​သည့်​ ​စေတနာနှင့်​ရယ်​ပါ။
မျိုးနွယ်​စု မိန်းမသား​တွေကလည်း yeollie ကို  ကူညီ​ပေးရှာပါသည်​။ 
က​လေး​တွေကလည်း အပူအပင်​ကင်းမဲ့စွာ ကစား​နေကြသည်​။
ဒီအ​ခြေအ​နေမျိုးသာ ​အေး​အေး​ဆေး​ဆေး အမြဲဖြစ်​နေလျှင်
ကမ္ဘာကြီး  ထာဝစဉ်​ ငြိမ်းချမ်း​နေမှာဘဲ။ ငြိမ်​​နေ​သော မီးမျိုးနွယ်​စု​တွေကိုသာ ပူပန်​​မိသည်​။ ​ရှေ့တစ်​လှမ်းတိုးဖို့ ​နောက်​တစ်​လှမ်း
ဆုတ်​သည်​​ရော မဖြစ်​နိုင်​ဖူးလား။
နာ​နေ​သောကျားသည်​ မှန်းဆ ရ ခက်​သည်​။
ဘယ်​အချိန်​ ကျားနာခဲ ခဲမည်​မှန်း မမှန်းနိုင်​သည်​မို့။

"ဟင်း...... "ဆန်​ပြုတ်​အိုးကို အသာအယာ​မွှေရင်း yeollie
သက်​ပြင်း အကြီးကြီး ချမိသည်​။

"ဘာ​တွေ ရင်​​မောစရာ ရှိလို့ ....
ဒီ​လောက်​​တောင်​ သက်​ပြင်း​တွေ ချ​နေရတာလည်း
က​လေး​လေးရဲ့ ...အသက်​လည်းတို​နေပါအုံးမယ်​ကွာ"
Yeollie ကို အသာအယာ ​နောက်​ကသိုင်းဖက်​ရင်း ဆိုလာ​သော အရှင်။

"မဟုတ်​ပါဘူး ...​ဒီလိုဘဲ ....အမြဲငြိမ်းချမ်း​နေကြရင်
ဘယ်​​လောက်​​ကောင်းမလည်းလို့ ​တွေး​နေမိတာပါ အရှင်​ရယ်​.."

You've reached the end of published parts.

⏰ Last updated: Aug 29, 2020 ⏰

Add this story to your Library to get notified about new parts!

The legendary king of love Where stories live. Discover now