Ming ဆိုတဲ့အကောင်က သူငယ်ချင်းမျက်နာမှ မထောက် အပြင်မှ အိပ်ခိုင်းတယ်ဗျာ။ ကျွန်တော်က ကိစ္စမရှိပေမယ့် စီနီယာတွေကို ဒီလိုလုပ်စရာလား။
မနက်(၃)နာရီ ထိုးခါနီလောက်မှ ကျွန်တော်တို့ကို လာနိုးတယ်။ သူနဲ့ P' Kit ကြား ဘာတွေ ဖြစ်လဲတောင် မမေးမိပါဘူး။ ခေါင်းချတာနဲ့ ပြန်အိပ်ပျော်သွားတာ
နောက်နေ့ မနက်မိုးလင်းတော့ အကုန် မနက်စာ သွားစားကြရင်း
Yo : မင်းအတော်ကို အကျင့်ယုတ်တဲ့ကောင်
Yo :စီနီယာတွေကို အပြင်မှာ အိပ်ခိုင်းစရာလား
Ming : ဟာ့ ဘယ်သူတွေက အရင် အကျင့်ယုတ်တာလဲပြောလေ။
Yo : ဘာဖြစ်လို့လဲ။
Ming : မင်းကို ကော်ဖီဆိုင်မှာထားခဲ့ပြီး ငါ P'Kit ဆီပြေးတယ်လေ။ အဲ့တုန်းက P' Forth က ငါကို အထဲပေးမဝင်ဘူးကွ
Yo :ဘာလို့လဲ။
Ming: ငါအသံကြောင့် P' Beam နိုးသွားမှာ စိုးလို့တဲ့
အန် P' Forth ဆိုသည်မှာလည်း P'Pha နဲ့ မထူးမခြားနား ကလေး ဆန်လိုက်တာ
ထားလိုက်ပါတော့ ခု ဘာမှ လည်းဖြစ်တော့တာမှမဟုတ်တာ
အကုန်လုံးကို လှည့်ကြည့်လိုက်တော့ P'Pha က လွဲပြီး ကျန်တဲ့လူတွေ အားလုံး ဘာမှ မဖြစ်တော့ဘူး။
Yo : ဘာဖြစ်နေတာလဲ P'Pha
Kit : စာမေးပွဲက အောင်စာရင်းထွက်နေပြီလား
P'Kit တစ်ယောက် အဖြေကို မကြားချင်တဲ့ပုံနဲ့ နားကြီပိတ်ပြီး အော်မေးတယ်။
ကြည့်နေရင်းနဲ့ P'Beam က P' Kit ခေါင်းကို ခေါက်လိုက်ရင်း
Beam :ငတုံး၊ အောင်စာရင်းက ချက်ချင်းဖြေ ချက်ချင်းထွက်မလား ပရော်ဖက်ဆာက အမှတ်တွေကို ကြိုထွက်ထားမလား။
Kit : ဟီး ဟုတ်တယ်နော်
Beam : မင်းညက ဘာတွေလုပ်လို့ ဒီလိုဖြစ်သွားတာလဲ။
Kit : ဘာလုပ်လို့လဲ
Beam : ရိုးသားချင်ယောင်ဆောင်မနေနဲ့ မနေ့ညကပြောတာ။ ငါတို့အားလုံး အပြင်မှာ အိပ်လိုက်ရတာ။ ဘာတွေ အလုပ်ရှုပ်ကြသလဲပြော
YOU ARE READING
2moons The Series(Burmese Translation)
Romance2moons The Series ဇာတ်လမ်းတွဲက စာအုပ် (၃)အုပ်ရှိပါတယ်။ အခု (၂) နဲ့ (၃)ကို ဘာသာပြန်ပေးသွားပါမယ် ခေါင်းစဉ်မှာ ဘယ်စာအုပ်လဲဆိုတာကြည့်ဖတ်ပေးပါနော် Sep 13,2017