စာအုပ်အတွဲ(၃) အပိုင်း(၄၄-၃) PhaYo Couple

8.4K 605 46
                                    

       

ရုပ်ရှင်ရုံသို့ရောက်သောအခါ

P'Park ကတစ်ချိန်လုံးကျွန်တော်မျက်နာကိုပဲကြည့်နေတယ်။ ကျွန်တော်ကလည်း လူကသာဒီရောက်လာတာ စိတ်က စားသောက်ဆိုင်မှာကျန်ခဲ့တယ်။ ဒီအချိန် အဲ့ဆေးကျောင်းသား(၂)ယောက်ဘာလုပ်နေမလဲ။

Park :  မင်းက P'Pha ကို စိတ်ညစ်အောင်လုပ်နေတာပဲ။ ဒါပေမယ့် ဒီလိုလုပ်တာက ငါကိုမျှော်လင့်ချက်တွေပေးနေတာပဲ

Yo :    ဘာပြောလိုက်တယ်။

Park :  ဘာမှမဟုတ်ဘူး။ ကဲ ဘာကားကြည့်မလဲ။ ငါ ဒကာခံမယ်။ သရဲကားကြည့်ကြမလား။

Yo :    မကြည့်ပါဘူး။ ဒါပဲကြည့်မယ်။

Park :  Ok Ok.

လက်မှတ်ဝယ်ဖို့အလုပ် သူက ကျွန်တော်ကိုလှမ်းမေးတယ်။

Park :  ဘယ်နေရာက ကြည့်မှာလဲ။

P'Pha :          စုံတွဲခုံ

အန် ဒါကျွန်တော်ဖြေလိုက်တာမဟုတ်ဘူး။ လှည့်ကြည့်လိုက်တော့ P'Pha လာပြန်ပြီ P'Prink နဲ့။

မျက်နာကတော့ မာရေကြောရေနဲ့ ။ အရေးထဲ လက်မှတ်ရောင်းတဲ့အမက P'Pha ကို ငမ်းနေသေး။

ဒီလိုတော့ အရှုံးမပေးနိုင်ပေါင်။

Yo :    P'Park စုံတွဲခုံကပဲကြည့်ကြရအောင်။

P'Pha က ကျွန်တော်ကို မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်။ ဒါပေမယ့် ကျွန်တော် ခပ်မာမာပဲပြန်ကြည့်နေလိုက်တယ်။ ဒီပွဲမှာ ကျွန်တော်ရှုံးလို့ဘယ်ဖြစ်မလဲ။

ရုပ်ရှင်က စပြနေပြီ။ အင်း စုံတွဲခုံဆိုတော့ P'Park က အနားလာလာတိုးနေတယ်။ အဲဒါထက် P'Pha က ဘေးနားက စုံတွဲခုံမှာ P'Prink နဲ့ ဂါး..... ရုပ်ရှင်ထဲတောင် စိတ်မရောက်တော့ဘူး

P'Pha :          ရုပ်ရှင်က ကြည့်လို့ကောင်းလား

P'Pha က အနားကိုတိုးပြီး လာပြောနေတယ်။

ကျွန်တော် အရေးမစိုက်ဘဲ P'Park ဖက်လှည့်ပြီး ပေါက်ပေါက်ဆုပ်ကို ခွံကျွေးလိုက်တယ်။

P'Pha :          Yo သည်းခံတဲ့ဆိုတာ အတိုင်းအတာတစ်ခုပဲရှိတယ်။

ကျွန်တော် မကြားချင်ယောင်ဆောင်နေလိုက်တယ်။

2moons The Series(Burmese Translation)Donde viven las historias. Descúbrelo ahora