စာအုပ်အတွဲ(၃) အပိုင်း(၄၄-၂) PhaYo Couple

6.7K 624 12
                                    

           

အမှန်တော့ စာမေးပွဲကြီးကနီးနေပြီ။ ဒါပေမယ့်လည်း P'Pha ကြောင့်စိတ်တွေလေနေတုန်းပဲ

Yo :    F**k

Ming : Yo မင်းတိုးတိုးသာသာပြောလို့မရဘူးလား။ ကျောင်းရဲ့ Popular ဆုရှင်က ရိုင်းစိုင်း
တယ်ဆိုပြီး နာမည်ထပ်ကြီးဦးမယ်။

Yo :    ငါစဉ်းစားရင်း စိတ်အရမ်းတိုလာလို့ပါကွာ။

Ming : အင်း ဒါဆိုမင်းပိုစိတ်တိုအောင် တစ်ခုပြဦးမယ်။

Ming က ကျွန်တော်ခေါင်းကို ကိုင်ပြီး ပြတင်းပေါက်ဖက်ကို လှည့်ပြတယ်။ ဒီမြင်ကွင်းက တကယ်ကို ပိုစိတ်တို

အင်းအမှန်အတိုင်းပြောရမယ်ဆို ပိုဒေါသထွက်စေပါမယ်။

P'Pha က ကောင်မလေးတစ်ယောက်နဲ့အတူလမ်းလျှောက်နေတာပါ။ ကောင်မလေးဆိုလို့ တခြားမဟုတ်ဘူး ။P'Prink သူက ပိုတောင်ချောလာတယ်။ ဆံပင်အရောင်အသစ်နဲ့ လန်းနေတာ

အဲ့ဒါထကိ အရေးကြီးတာက သူနဲ့အတူ လမ်းလျှောက်နေတဲ့လူ။ ကျွန်တော်ကို စားမဝင်အိပ်မပျော်အောင်လုပ်တဲ့လူ

ကျွန်တော် ဒေါသကြောင့်နီလာခဲ့ပြီး Phana Kongtanin သေမယ်။ ဒီအတွက် တစ်ခုခုဖြေရှင်းချက်တောင်းရမယ်။

ထထွက်သွားမယ်အလုပ်

Ming က

Ming : နေပါဦးကွာ စိတ်ကိုအေးအေးထား၊ မင်းက ကောင်မလေးကို မနာလိုဘူး ဆိုပြီး သွားရိုက်မလို့လား။

Yo :    အေး လုပ်သင့်ရင် လုပ်ရမှာပဲ။

Ming : စိတ်ကိုအေးအေးထားစမ်းပါကွာ ဒါပြဿနာဖြေရှင်းတဲ့နည်းမဟုတ်ဘူး။

ဘယ်သူမဆို ကျွန်တော်နေရာမှာဆိုရင် ဒီလိုပဲဖြစ်မှာ။ Ming လည်း Kit မဟုတ်ဘူး။ ဟုတ်ကြည့်ပါလား ဒီထက်တောင်ဆိုးသွားဦးမယ်။

Ming : အရင်ဆုံး မင်း သူအကြောင်းကို လေ့လာရမယ်လေ။ သူဘာဖြစ်လို့ ဒီလိုလုပ်သလဲဆိုတာ။ သူတို့ကြားမှာ တစ်ခုခုရှိနေသလိုပဲ P'Pa မျက်နာကိုကြည့်ပါလား။ မင်းနဲ့ရှိနေတဲ့အချိန်နဲ့များတခြားစီ

ထိုစဉ် Ming ထံဖုန်းဝင်လာခဲ့တယ်။

Ming : ပြော P'Fouth အော် ပစ္စည်းသယ်ဖို့ လူလိုနေတာလား။ ဟုတ် ကျွန်တော်အခုပဲလာခဲ့မယ်။ အဲ့အတွက် မုန့်ပြန်လိုက်ဝယ်ကျွေးရမှာနော်။

2moons The Series(Burmese Translation)Hikayelerin yaşadığı yer. Şimdi keşfedin