၁၉။ ​ကြွေကာပျက်​စီး

2.2K 357 103
                                    

ကျ​နော်​ အခု Sireerukachart Botanichal ပန်းခြံမှာ...

တစ်​​ယောက်​​ယောက်​ကို ​စောင့်ေ​​နတာလေ
P'Pha​တော့ မဟုတ်​ဘူး
P'Forth ကို...

မနက်​က P'Beam ကျ​နော့်​ကို ရင်​ဖွင့်​သွားတယ်
ကျ​နော်​​လေ...P'Beam ခံစားချက်​ကို နားလည်​တယ်​ ဘာလို့လဲဆို ကျ​နော်​လည်း
P'Pha ကို တစ်​ဖက်​သတ်​ ချစ်​ခဲ့ဖူးတာမို့လို့ ။

ချစ်​သူရဲ့ အသိအမှတ်​ပြုခြင်းကို မခံရတာဟာ
ဘယ်​​လောက်​ ဝမ်းနည်းဖို့​ကောင်းလဲ ဆိုတာ
ကျ​နော်​ သိတယ်

ဒါ​ကြောင့်​ ကျ​နော်​ ဆုံးဖြတ်​ထားတယ်
P'Beam ကို P'Forth နဲ့ အဆင်​​ပြေဖို့ အတတ်​နိုင်​ဆုံး ကူညီ​ပေးမယ်​လို့

" Hay , N'Yo ! "

ဟော...လာပါပြီ အင်​ဂျင်​နီယာ​ကျောင်းသားကြီး
P'Forth တစ်​နည်းအားဖြင့်​ P'Beam ချစ်​ရသူ​ပေါ့

အပြာ​ရောင်​ အင်​ဂျင်​နီယာuniform နဲ့
P'Forth ဟာ ကြည့်​​ကောင်း​နေတယ်
P'Beam နဲ့ P'Forth ဆို သိပ်​လိုက်​မှာပဲ

" ကိုယ်​ ​နောက်​ကျသွားတယ်​...sorry "

ဒီလိုကျ​တော့လည်း P'Forth က
သ​ဘော​ကောင်းသလိုလို...

" ကျ​နော်​လည်း ​ရောက်​တာ မကြာ​သေးပါဘူး
ထိုင်​​လေ P' "

ကျ​နော်​​ပြော​တော့ သူပြုံးတယ်
အဲ့အပြုံး​တွေ P'Beam ​ကြွေတာ ​နေမှာ...

" ကဲ...ကိုယ့်​ကို ဘာလို့ ချိန်းရတာလဲ Yo "

ရွှင်​လန်း​နေတဲ့ P'Forth ပုံစံ​ကြောင့်
ကျ​နော်​ ​ပြောဖို့ရာ နည်းနည်း​တော့ အားတက်​သွားမိတယ်

လေ​ယူ​လေ​ပေး​ဖြောင့်​တုန်း ​ပြောမှ ​ကောင်းတာ​လေ

" ဟို...ကျ​နော်​ ​ပြောရင်​ P'Forth
စိတ်​ဆိုးမှာလားဟင်​ "

" Haha...Yo ကိုဆို စိတ်​မဆိုးပါဘူး "

P'Forth က ​ခင်​ဖို့​ကောင်းတဲ့ လူပါပဲ
ဒါကို ဘာလို့ P'Beam က​သွေး​​အေးတယ်
ပြောလဲ ကျ​နော်​ နားမလည်​နိုင်​ဘူး

" P'Beam အ​ကြောင်း​လေး ​ပြောချင်​လို့ "

ရုတ်​တရက်​ မျက်​နှာတည်​သွားတာ​ကြောင့်
ကျ​နော့်​မှာ မ​ပြောရ​တော့ဘူးလိုလို
ဆက်​ပဲ​ပြောရ​တော့ မလိုလိုနဲ့...

True LoveWhere stories live. Discover now