စားသောက်ဆိုင်ထဲမှ ပြေးထွက်သွားသော
Beam နောက်ကို ကျနော့်မှာအမြန်လိုက်ရသည်ဖြူဖပ်ဖြူရော် သူ့လိုဆေးကျောင်းသားနုနုထွဋ်ထွဋ်လေးက
ဘယ်လောက်ဝေးဝေးပြေးနိုင်မည်တုန်း...သူ့နောက်ပြေးလိုက်ရသည်မှာ ၅ မိနစ်ပင်
မကြာလိုက် ကျနော် သူ့ကို မိလေပြီ" ဟာ...လွှတ်....ငါ့လက်ကိုလွှတ်ပါဆို Forth "
သူ့ကျန်လက်တစ်ဖက်ဖြင့် ကျနော်ဆွဲထားသည့် လက်တစ်ဖက်ကို
အတင်းဖြုတ်ကာရုန်းနေသည်သို့သော်လည်း ကျနော့်လိုအင်ဂျင်နီယာကျောင်းသားအားကို
သူမှမရုန်းနိုင်တာ..." Beam....ငြိမ်ငြိမ်နေစမ်း "
ခပ်တည်တည်နဲ့ ကျနော်ပိတ်ဟောက်လိုက်မှ သူကမျက်နှာစူပုပ်ပုပ်နှင့် ငြိမ်ကျသွားသည်
လူရှင်းမယ့်နေရာလောက်ကိုခေါ်လိုက်ပြီး
သူနဲ့စကားပြောဖို့လုပ်ရသည်" Beam...ငါ့ကိုကြည့် "
သူ့ပခုံးကိုလှုပ်ရမ်းကာပြောတော့ တဖြည်းဖြည်းနှင့်ကျနော့်ကိုမော့်ကြည့်သည်
" မနေ့ကကိစ္စ....."
ဟုပဲအစချီရသေးတယ် ရှက်နေသည်ထင်ရဲ့ ပါးနှစ်ဖက်ကရဲလာပြီး
ချက်ချင်း ကျနော့်ကိုအကြည့်လွှဲသွားပြန်သည်" ငါ....ငါ...တကယ်တောင်းပန်ပါတယ် , Beam "
"......."
ကျနော်အနေနဲ့ဘာစကားမှပြောထွက်မည်
မဟုတ်တာကြောင့်Forth ပြောတာကိုသာ စောင့်နေလိုက်သည်...အင်ဂျင်နီယာကျောင်းသားကြီးဘယ်လောက်
အပြောကောင်းမလဲဆိုတာသာ စောင့်ကြည့်ချင်ပါသည်" Beam..., ငါ...ငါလေ...ငါ တကယ်မရည်ရွယ်ခဲ့တာပါ ။ ငါ...ငါ...
မင်းမှန်းသိရက်နဲ့ စိတ်မထိန်းနိုင်ဘူးဖြစ်သွားတာ....
တကယ်ပဲတောင်းပန်ပါတယ် "