" အင်း....ဟင်း....."
အခန်းထဲ၌ ကျနော်တစ်ယောက်တည်း...
ပုံမှန်အိပ်နေကျ အိပ်ယာသည် ခါတိုင်းနဲ့မတူ
အေးစက်နေသလိုပဲ
ကျနော်ပဲ စိတ်ထင်လို့များလား...ချမ်းတယ်....
စိတ်ညစ်ညစ်နှင့် တက္ကစီကို လမ်းတစ်ဝက်သာစီးပြီး မိုးသည်းသည်းမှာ အမိုးအကာမပါပဲ အဆောင်ကို လမ်းလျှောက်ပြန်ခဲ့တဲ့ရလဒ်က ဖျားနာခြင်းများလား....?" အား...."
တစ်ခါမှမဖျားနာဘူးပါဘဲနဲ့
အခု ရုတ်တရက်ကြီး ထဖျားတော့လည်း
အခြေအနေက တော်တော်ဆိုးသည်အကူအညီ...!
အကူအညီ တောင်းဖို့လိုသည်
ဟုတ်တယ် ... ကျနော်က ဆေးကျောင်းသား ဆိုပေမယ့် အခုလို မလှုပ်မရှားနိုင်လောက်အောင် နွမ်းလျဖျားနာနေချိန်မှာ ဆေးစာတွေလည်း ဘာဆို ဘာမှသတိမရအခုချိန်ကလည်း မနက် ၁ နာရီကြီးဆိုတော့
ဆေးရုံဆေးခန်းသွားဖို့လည်း အဆင်မပြေပါ
ထို့ကြောင့် ကျနော့်သူငယ်ချင်း Pha နှင့် Kit ကိုသာ အကူအညီ တောင်းရတော့မည်မရှိမဲ့ရှိမဲ့အားလေးနဲ့ အတင်းထကာ စားပွဲပေါ်မှ
ဖုန်းကို ယူလိုက်သည်
မှုန်တီမှုန်ဝါး အာရုံကို အတင်းစုသည်းပြီး
Pha ထံသို့ဖုန်းဆက်လိုက်သည်✆ ✆ ✆ ✆ Pha ✆ ✆ ✆ ✆
"Hello... Beam ဘာလဲကွာ
ငါ အခု Wayo နဲ့အပြင်ရောက်နေလို့
နောက်မှ ပြန်ဆက်လိုက်မယ် ဟုတ်ပြီလား "ဟု ဖုန်း ဝင်ဝင်ချင်း Pha က အရင်ပြောကာ
ဖုန်းချသွားသည်ကျနော် ဘာမှတောင်မပြောလိုက်ရ...
နောက်တစ်ခါ အားတင်းပြီး ပြန်ခေါ်တော့ ဆက်သွယ်မှုဧရိယာပြင်ပ တဲ့...
ကျွတ်...Phana ရာ ဘာဆိုဘာမှကို အားကိုးလို့မရဘူး...Pha ကိုဖုန်းခေါ်လို့မရတာနဲ့ Kit ဆီဖုန်းခေါ်လိုက်သည်
ကံကြမ္မာသည် ရက်စက်လွန်းလှသော်လည်း
ကျနော့်ဖုန်းကိုမကိုင်သော / ကျနော် ဖုန်းခေါ်၍မရသော ကျနော့်အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်သည့် Phana နဲ့ Kit ကိုတော့ အပြစ်မတင်ရက်ပါ...
KAMU SEDANG MEMBACA
True Love
Fiksi Penggemarကျနော်က သူ့အချစ်နဲ့ မထိုက်တန်တဲ့သူပါ ( Forth&Beam fanfiction )