ကျနော် အဆောင်ကို ပြန်ရောက်ပြီ...
ပြတင်းပေါက်တွေဖွင့်ပြီး အခန်းထဲကို အရင် သန့်ရှင်းရေးလုပ်ပြီးမှ ပစ္စည်းတွေကို နေရာပြန်ချတယ်
ဖုန်း,laptop,... စတဲ့ ဆက်သွယ်ရေးကိရိယာတွေကို ဒီမှာပဲထားခဲ့တာကြောင့် mail တွေဘာတွေ
ဝင်နေမလား ပြန်စစ်ရသေးတယ်Pha နဲ့ Kit ဆီကတော့ misscalled တွေ messages တွေအများကြီး ဝင်နေတယ်
// ဟူး... သူတို့ကိုလည်း ချော့ရဦးမယ် //
ဗိုက်ဆာနေပြီဖြစ်တာကြောင့် အသင့်ရှိနေသော
ခေါက်ဆွဲထုပ်ကို ပြုတ်စားလိုက်တယ်ဆေးမေဂျာရဲ့EC ဆီကနေ ကျနော်ကျောင်းပျက်တဲ့ အတောအတွင်း လွတ်သွားတဲ့လက်ချာတွေကို mail နဲ့လှမ်းတောင်းထားတာ ရောက်နေပြီမို့
စာတွေကြည့်ရတယ်ကူးသင့်တာကူး , မှတ်သင့်တာမှတ် , ကျက်သင့်တာ ကျက်နဲ့ အချိန်တောင် အတော်လင့်သွားပြီလေ
ပြတင်းပေါက်ကနေတစ်ဆင့်
မြင်ရတဲ့ မှိုင်းပြာမှောင်ရီမိုးကောင်းကင်က
မိုးရွာမယ့်သဘောလားအခုက ညနေ ( ၄ ) နာရီဆိုတော့ အရမ်းမမှောင်သေးတာကြောင့် လိုအပ်တာတွေ ဝယ်ဖို့ ထီးယူပြီးထွက်ခဲ့လိုက်တယ်
နောက်နေ့မှဝယ်စရာရှိတာဝယ်မယ်ဆိုပြီး
အပျင်းထူနေလို့မရတော့ဘူးလေ
ဒီနေ့တစ်ရက်ပဲ ကျနော့်မှာ အချိန်ရှိတော့တာ
ကျောင်းပြန်တက်မယ့်မနက်ဖြန်ကစပြီး
စာတွေနဲ့လုံးပန်းရတော့မှာ ... ။ကျနော် ထင်တဲ့အတိုင်းပဲ လမ်းတစ်ဝက်လောက်မှာ မိုးကရွာတယ်
သည်းကြီးမည်းကြီးမဟုတ်ပဲ တဖြောက်ဖြောက် ကျလာတာကြောင့် တော်သေးသည်ဟုဆိုရမည်Salaya mall ကိုရောက်တော့
အတော်အသင့် ပြန်တိတ်သွားပြန်ပြီMall ထဲမှာ စာရေးကိရိယာတွေဝယ် ,
အသီးအရွက်တန်းမှာ စားချင်တာလေးတွေဝယ်,
အခန်းအတွက်လိုတာလေးတွေဝယ်နဲ့
တစ်နာရီကျော်လောက်ကြာသွားရော...
BINABASA MO ANG
True Love
Fanfictionကျနော်က သူ့အချစ်နဲ့ မထိုက်တန်တဲ့သူပါ ( Forth&Beam fanfiction )