Part.3

2.5K 149 1
                                    

I Know He Is Cute But He Is Mine

Part.3

Kit's POV

ကျွန်​​တော်​Mingနဲ့​​နောက်​ဆုံး​တွေ့ခဲ့တာ တပတ်​​လောက်​​တောင်​ ရှိ​နေပီ...သူကျွန်​​တော်​ရဲ့ ​ဆေးတက္ကသိုလ်​ဘက်​ကိုလည်းမလာ... ကျွန်​​တော့်​ကိုလည်း အရင်​လိုစိတ်​အ​နှောက်​မယှက်​မ​ပေးလို့ ကျွန်​​တော်​ဝမ်းသာ​နေမိတယ်​...​ယောကျာ်း​လေး​တ​ယောက်​ကို ကျွန်​​တော်​ဘယ်​​တော့မှ သ​ဘောကျလာမှာမဟုတ်​ဘူး ဆိုတာ နားမလည်​တဲ့ psychopathဆီက​နေ ကျွန်​​တော်​ လွတ်​​မြောက်​သွားပီ​လေ...ဒါ​ပေမဲ့ Mingဘယ်​​​တွေ​ရောက်​​နေလဲ ဆိုတာကို​တော့ ကျွန်​​တော်​သိချင်​​နေမိတယ်​...ဘယ်​​နေရာမှာမှ သူ့ရဲ့ အရိပ်​အ​ယောင်​​လေး​တောင်​မှ ကျွန်​​တော်​မမြင်​မိဘူး​လေ...
ကျွန်​​တော့်​ရဲ့ လွတ်​လပ်​မှု​တွေကိုပြန်​ရလို့ ​ပျော်​ရွှင်​​နေသင့်​တယ်​ဆိုတာ ကျွန်​​တော်​သိပါတယ်​...ဒါ​ပေမဲ့ ကျွန်​​တော်​အထီးကျန်​​နေတယ်​လို့်​ ခံစား​နေရတယ်​...အဲ့ဒီစိတ်​ရှုပ်​စရာ​ကောင်းတဲ့Ming စိတ်​အ​နှောက်​အယှက်​မ​ပေး​​တော့တဲ့ အချိန်​ကစပီး ကျွန်​​တော့်​ဘဝကြီးက စိတ်​ဝင်​စားစရာမရှိ​တော့သလိုပဲ...
ဘာလို့ ခုလို​တွေစဉ်းစား​နေမိမှန်း ကျွန်​​တော်​ကိုယ်​တိုင်​လည်း မသိ​တော့ဘူး...ဒါမှမဟုတ်​ ကျွန်​​တော့်​ကို ပုန်းလျှိုးကွယ်​လျှိုး​ချောင်း​နေတတ်​တဲ့Ming.. ဘယ်​ကမှန်းမသိဘွားခနဲ ​ပေါ်လာတတ်​တဲ့Mingကို ကျွန်​​တော်​သတိရ​နေမိတာများလား...
ဒီ​နေ့ စာသင်​ချိန်​​တွေ အ​စောကြီးပီးသွားလို့ ကျွန်​​တော်​​လေ​ကောင်း​လေသန့်​ရှုဖို့ ​ရေကန်​ဘက်​ကို လမ်း​လျှောက်​ထွက်​ခဲ့တယ်...ခုံတန်း​လေး​ပေါ်မှာထိုင်​ပီး ​လေထဲကို မီးခိုး​ငွေ့​တွေမှုတ်​ထုတ်​​နေတဲ့ လူတ​ယောက်​က ကျွန်​​တော့်​အာရုံကို ဖမ်းစားလိုက်​တယ်​...အဲ့ဒီလူက လက်​​ချောင်းကြားထဲမှာ ​ဆေးလိပ်​ကိုညှပ်​ပီး မီးခိုး​​ငွေ့​တွေကို စက်​ဝိုင်းပုံ​လေးဖစ်​​အောင်​ ဖြည်းဖြည်းချင်း​လေထဲကို မှုတ်​ထုတ်​​နေတယ်​...
ကျွန်​​တော်​ မျက်​လုံး​တွေကို​မှေးပီး ​သေချာကြည့်​လိုက်​​တော့ အဲ့ဒီလူက ကျွန်​​တော့်​မျက်​စိထဲမှာ ရင်းနှီး​နေသလိုခံစားလိုက်​ရတယ်​...
ကျွန်​​တော်အဲ့ဒီလူအနားကိုကပ်သွားပီး သူ့ပုခုံးကိုထိလိုက်​ရင်း မျက်​နှာကိုကြည့်​ဖို့ကြိုးစားလိုက်​​တော့...
သူမှုတ်​ထုတ်​လိုက်​တဲ့မီးခိုး​တွေက ကျွန်​​တော်​မျက်​နှာ​ရှေ့မှာကာပီး မြင်​ကွင်းကိုပိတ်​ဆို့လိုက်​​တော့တယ်​....

Crd.deebamanja
Trans by Me(#MCopter)

I Know He Is Cute But He Is MineWhere stories live. Discover now