Part.8

2.1K 137 3
                                    

I Know He Is Cute But He Is Mine

Part.11+12

Kit's POV

ကျွန်​​တော်​ဂနာမငြိမ်​ဖစ်​​နေမိတယ်​...Mingအတန်းပီး​တဲ့အချိန်​ကို ကျွန်​​တော်​​စောင့်​​နေတာ တစ်​နာရီ​လောက်​​တောင်​ရှိ​တော့မယ်​...
ကျွန်​​တော်​စိတ်​လှုပ်​ရှားလွန်းလို့ လမ်း​ခေါက်​တုန့်​​ခေါက်​ပြန်​​လျှောက်​ရင်း အသက်​ပြင်းပြင်းရှူ​နေမိတယ်​...
ကျွန်​​တော်​ ဒီကိုလာပီး ကိစ္စ​တွေကိုအဆုံးသတ်​ဖို့ အချိန်​၂ရက်​​တောင် ယူခဲ့ရတယ်​...ဘာကိစ္စ​တွေပဲဖစ်​ခဲ့ဖစ်​ခဲ့ ကျွန်​​တော်​Mingကို စိတ်​သက်​သာရာရ​အောင်​ နှစ်​သိမ့်​​ပေးရမယ်​​...ကျွန်​​တော့်​အတွက်​ အ​ဖြေတခုခုကိုလည်း ရှာမှရမယ်​...မဟုတ်​ရင်​ ကျွန်​​တော်​ လုံးဝကို ရူးသွား​တော့မယ်​ထင်​တယ်​...
နောက်​ဆုံး​​တော့Mingအတန်းပီးသွားပီ...သူငယ်​ချင်း​တွေနဲ့ စကား​ပြောရင်းထွက်​လာတဲ့Mingကို ကျွန်​​တော်​လှမ်း​တွေ့လိုက်​တယ်​..
ကျွန်​​တော်​​အချိန်​အကြာကြီးမ​စောင့်​နိုင်​​တော့ဘူး...ကျွန်​​တော်​Mingဆီ ​ခြေလှမ်းကျဲကျဲနဲ့​လျှောက်​သွားပီး သူ့ရဲ့လက်​​ကိုလှမ်းဆွဲလိုက်​တယ်​...
#Kit : "ငါတို့စကား​ပြောဖို့လိုတယ်​..."
ကျွန်​​တော်​​ပြောပီးတာနဲ့ သူ့အ​ဖြေကိုမ​စောင့်​​တော့ပဲ သူ့ကိုဆွဲ​ခေါ်လာလိုက်​​တော့တယ်​...

Ming's POV

#Ming : "ကျွန်​​တော့ကိုလွှတ်​..."
P'Kitလက်​ထဲက ကျွန်​​တော့်​လက်​ကိုပြန်​ဆွဲလိုက်​ပီး လမ်း​လျှောက်​​နေတာကိုရပ်​ရင်း ​မေးလိုက်​တယ်​...
#Ming : "ကျွန်​​တော့်​ဆီကဘာလိုချင်​လို့လည်း..."
ကျွန်​​တော်​​ဒေါသထွက်​​နေတဲ့ မျက်​နှာနဲ့​မေးလိုက်​မိ​ပေမဲ့ စိတ်​ထဲမှာ​တော့ P'Kitအသက်​ရှင်​လျက်​ ကျန်းကျန်းမာမာရှိ​နေ​ပေးတဲ့အတွက်​ ​တော်​ပါ​သေးရဲ့လို့​တွေးလိုက်​မိတယ်​...
#Kit : "ငါအမှန်​အတိုင်းသိချင်​တယ်​..."
ဘေးပတ်​ဝန်းကျင်​ကလူ​တွေကြည့်​​နေမှာကို ဂရုမစိုက်​ပဲP'Kit ​အော်​လိုက်​​တော့တယ်​...
#Ming : "ဘာနဲ့ပတ်​သတ်​တဲ့အမှန်​တရားလဲ..."
#Kit : "မင်းငါ့ကိုဘာလို့လိမ်​ခဲ့တာလဲ..."
P'Kitကျွန်​​တော့်​ရင်​ဘတ်​ကိုတွန်းရင်း ​အော်​လိုက်​​တော့...
#Ming : "Pရဲ့ဆန္ဒ​တွေကိုဖြည့်​ဆည်း​ပေးဖို့​လေ..."
ကျွန်​​တော်​​ပေါက်​ကွဲမိ​တော့တယ်​...
#Kit : "ငါ့ရဲ့ဆန္ဒ..."
P'Kit​တ​ယောက်​ထဲ​ရေရွတ်​သလို​ပြောရင်း သူ့ရဲ့မျက်​ခုံး​တွေ ဆက်​သွားတဲ့အထိမျက်​​မှောင်​ကြုတ်​ပီး စဉ်းစား​နေတဲ့ပုံရတယ်​...
#Kit : "ငါဘာကိုဆန္ဒရှိခဲ့လို့လဲ..."
#Ming : "Pရဲ့​ရှေ့မှာကျွန်​​တော်​​နောက်​ထပ်​​ပေါ်မလာဖို့ကို Pဆန္ဒရှိခဲ့တာ​လေ...Pကိုကျွန်​​တော်​ပိုးပန်း​နေတာ​တွေကို ရပ်​လိုက်​ဖို့ Pကိုကျွန်​​တော်​လိုက်​​နေတာကိုရပ်​လိုက်​ဖို့ Pဆန္ဒရှိခဲ့တာ​လေ... ကျွန်​​တော်​လက်​လွှတ်​​ပေးပီး Pကို​ပျော်​ရွှင်​ခွင့်​​ပေးဖို့ Pဆန္ဒရှိခဲ့တာ​လေ... အဲ့တာ​ကြောင့်​ခုလိုလုပ်​ဖို့ ကျွန်​​တော်​ကြိုးစားခဲ့ရတာ... ကျွန်​​တော့်​ ဘဝထဲမှာPဘယ်​တုန်းကမှမရှိခဲ့သလိုမျိုး ကျွန်​​တော်​ဟန်​​ဆောင်​ခဲ့တယ်​....P​နောက်​ကိုပဲလိုက်​ချင်​​နေတဲ့ ကျွန်​​တော့်​ရဲ့ဆန္ဒ​တွေကို ချိုးနှိမ်​ခဲ့တယ်​..."
P'Kitရဲ့မျက်​နှာကို တည့်​တည့်​ကြည့်​ပီး ကျွန်​​တော်​​ပြောချင်​တာ​တွေ အကုန်​လုံးကို​ပြောချလိုက်​​တော့တယ်​...
#Ming : "အဲ့တာဘယ်​​လောက်​ခက်​လဲဆိုတာ Pသိလား...P​ရော ကျွန်​​တော်​ဘာလုပ်​သင့်​တယ်​လို့ထင်​လဲ...ခုချိန်​ထိ ကျွန်​​တော်​Pကို ​မေ့လို့မရသလို...ခုချိန်​ထိလည်းPကို စိုးရိမ်​​ပေး​နေမိတုန်းပဲ...ကျွန်​​တော်​ စဉ်းစားသမျှအကုန်​လုံးကလည်း Pအ​ကြောင်း​တွေကြီးပဲ..."
#Kit : "ငါ...ငါ​တောင်းပန်​ပါတယ်​..."
#Ming : "​တောင်းပန်​တယ်​???"
P'Kitရဲ့အ​ပြောကို ကျွန်​​တော်​​လှောင်​သလို​မေးလိုက်​မိတယ်​...
#Ming : "Pအတွက်​က​တော့ ​ပြောလို့လွယ်​လိုက်​တာ...ဒါ​ပေမဲ့ ကျွန်​​တော်က​တော့ သိမ်​ငယ်​ခဲ့ရတယ်​...ငြင်းပယ်​ခံခဲ့ရတယ်​... အသဲကွဲခဲ့ရတယ်​...အဲ့လိုအရာ​တွေကို ကျွန်​​တော်​ကဖြတ်​သန်းခဲ့ရတာ... ဒါ​ပေမဲ့.....Pအတွက်​ကျွန်​​တော့်​ရဲ့အချစ်​​တွေက ခုချိန်​ထိမ​ပြောင်းလဲပဲ အရင်​အတိုင်းရှိ​နေတုန်းပဲ...အဲ့တာက နာကျဉ်​ရတယ်​ဆိုတာ Pသိလား...တကယ်​ကိုအရမ်းနာကျဉ်​ရတယ်​..."

Kit's POV

#Kit : "Ming...ငါ​တောင်းပန်​ပါတယ်​..."
ကျွန်​​တော်​တုန်​ရီ​နေမိတယ်​...ကျွန်​​တော်​Mingအ​ပေါ်လုပ်​ခဲ့တဲ့ အရာ​အားလုံးအတွက်​ ဆိုးဆိုးဝါးဝါးခံစား​​နေမိတယ်​...ကျွန်​​တော်​​ ​ဖော်​ခဲ့တဲ့​ဆေးကို ခုမှအရသာခံမိပီး ဘယ်​​လောက်​ဆိုးတယ်​ဆိုတာ သိခဲ့ရတယ်​... Mingဘယ်​လိုခံစား​နေရတယ်​ဆိုတာ ကျွန်​​တော်​အခု နားလည်​သွားပီ...
#Ming : "ကျွန်​​တော့်​ကို ထားခဲ့လိုက်​ပါP...Pကို​မေ့ပစ်​ဖို့အတွက်​ ကျွန်​​တော့်​ကို လွှတ်​ထား​ပေးလိုက်​ပါ..."
Mingရဲ့အ​ပြော​ကြောင့်​ကျွန်​​တော်​ဆွံ့အသွားခဲ့ရတယ်​...
#Ming : "Pနဲ့စကားဆက်​​ပြောချင်​​ပေမဲ့ ကျွန်​​တော်​သွားစရာ ရှိ​သေးတယ်​...ကျွန်​​တော်​group dateလုပ်​ဖို့ချိန်းထားတာရှိတာကို မပျက်​ကွက်​ချင်​ဘူး...ဘာလို့လည်းဆို​တော့...ဘယ်​သူသိနိုင်​မလဲ... ကျွန်​​တော့်​ရင်​ထဲကPရဲ့​နေရာကို အစားထိုးနိုင်​မဲ့ တ​ယောက်​​ယောက်​ကို ​တွေ့မလားဆိုတာ..."
Mingမာမာထန်​ထန်​​ပြောသွားတာကို ကျွန်​​တော်​ဘာမှပြန်​မ​ပြောနိုင်​ပဲ ပါးစပ်​အ​ဟောင်းသားနဲ့ ကျန်​​နေခဲ့မိတယ်​...

Crd.deebamanja
Trans by Me(#MCopter)

I Know He Is Cute But He Is MineWhere stories live. Discover now