Part.4

2.2K 145 2
                                    

I Know He Is Cute But He Is Mine

Part.4

No one's POV

#Kit : "Shit!မင်းဘာ​တွေလုပ်​​နေတာလဲ..."
Kitမျက်​နှာ​ရှေ့ကမီးခိုး​တွေကို လက်​နဲ့ယပ်​ခတ်​လိုက်​ရင်း ​ပြောလိုက်​တယ်​...မီးခိုး​ငွေ့​တွေမွှန်​ပီး မျက်​ရည်​​တွေဝဲပီး ​ရှေ့ကလူကိုလဲ ဝါးတားတားပဲမြင်​​နေရ​တော့တယ်​...
#Kit : "မင်း​လေထုညစ်​ညမ်း​အောင်​လုပ်​တာ​တွေ သူများမျက်​နှာကို မီးခိုးနဲ့မှုတ်​ထုတ်​တာ​တွေကို ရပ်​သင့်​ပီလို့မထင်​ဘူးလား..."
Kit​ပေ​စောင်း​စောင်းနဲ့ စိုက်​ကြည့်​ရင်း​အော်​လိုက်​တယ်​...
#Ming : "Sorry...ကျွန်​​တော်​တမင်​လုပ်​တာ မဟုတ်​ပါဘူး... ခင်​ဗျားကဒီမှာရှိ​နေလို့ မ​တော်​တဆ ဖစ်​သွားတာပါ..ဒါနဲ့ ခင်​ဗျားက ဘာလို့ဒီမှာရှိ​နေရတာလဲ...ကျွန်​​တော်​နဲ့ခင်​ဗျားနဲ့သိလို့လား..."
Ming ​အေး​အေး​ဆေး​ဆေး တည်​တည်​ငြိမ်​ငြိမ်​နဲ့ပဲ ​ပြောလိုက်​တယ်​...
#Kit : "Ming!"
#Ming : "အင်း..အဲ့တာကျွန်​​တော့်​နာမည်​​လေ...ဒါ​ပေမဲ့ ခင်​ဗျားက ဘယ်​သူလဲ..."
Mingသူ့ဘာသူ ​အေး​အေး​ဆေး​ဆေး​​နေ​နေတာကို လာ​နှောက်​ယှက်​တဲ့ Kitကို စိုက်​ကြည့်​​နေလိုက်​တယ်​...
#Kit : "​နေပါဦး...မင်းအခု ငါဘယ်​သူလည်းလို့​မေးလိုက်​တာလား... ငါငြင်းလိုက်​တာက မင်းကိုအတိတ်​​မေ့​ရောဂါ​တောင်​ ဖစ်​သွား​စေတယ်​​ပေါ့​လေ..."
Kitမယုံတဲ့စိတ်​နဲ့ ပက်​ခနဲပြန်​​ထေ့​ငေါ့​ပြောလိုက်​တယ်​...
#Ming : "အတိတ်​​မေ့​ရောဂါ??ဘာ​ပြောချင်​တာလည်း​တော့ မသိဘူး...ဒါ​ပေမဲ့ ခင်​ဗျားရူး​နေပီထင်​​တယ်​..."
Mingသူ့လက်​ထဲက စီးကရက်​ကို ​ရေကန်​ထဲ​တောက်​ချလိုက်​ပီး ​ကျောပိုးအိတ်​ကိုဆွဲရင်း ထွက်​သွားဖို့်ပြင်​လိုက်​တယ်​...
#Kit : "မင်းက မင်းသားလား...ဒီ​လောက်​​တောင်​ သရုပ်​​ဆောင်​​ကောင်း​နေတာ...ဖစ်​နိုင်​တာက​တော့ လက်​စား​ချေဖို့အတွက်​ ငါ့ကိုလုံးဝ မသိချင်​​ယောင်​​ဆောင်​​နေတာ မှတ်​လား...အဲ့တာက လက်​ခံနိုင်​စရာမှ မရှိတာ..."
#Ming : "ဒီမှာ...ခင်​ဗျားပါးစပ်​ကို ပိတ်​ထား​ပေးလို့ရမလား...ခင်​ဗျား စကား​ပြောတာက မိန်းက​လေးကြ​နေတာပဲ...အရမ်းနားပူနားဆာ ပွစိပွစိလုပ်​လွန်းတယ်​..."
Mingစိတ်​ညစ်​​နေမိတယ်​...စိတ်​ရှုပ်​မခံချင်​ပါဘူးဆို ဒီလူက အဓိပ္ပါယ်​မရှိတာ​တွေပဲ ဆက်​တိုက်​​ပြော​နေတယ်​လို့ ​တွေးလိုက်​မိတယ်​...
Kitလည်း လန့်​သွားမိတယ်​...Mingက သူမာမာထန်​ထန်​​ပြောတာသာ အမြဲနား​ထောင်​​ပေးတာ သူ့ကိုတခါမှမ​အော်​ဖူးဘူး​လေ...
#Ming : "ကဲ​ခင်​ဗျား​ပြောလို့ပီးပီမှလား...ဒါဆိုကျွန်​​တော်​ သွား​တော့မယ်​...ရှူခင်း​တွေ ဆက်​ကြည့်​လိုက်​ပါဦး..."
Ming​ပြောပီးပီးချင်းပဲ ထွက်​သွား​တော့တယ်​...

Crd.deebamanja
Trans by Me(#MCopter)

I Know He Is Cute But He Is MineWhere stories live. Discover now