Part.6

2.1K 140 4
                                    

I Know He Is Cute But He Is Mine

Part.6

No one's POV

လွန်​ခဲ့တဲ့ရက်​ပိုင်း Mingနဲ့​တွေ့ပီးထဲက Kitစိတ်​နဲ့ကိုယ်​မကပ်​ပဲ ဖစ်​​နေခဲ့တယ်​...စာမှာ အာရုံမစိုက်​နိုင်​သလို ဘာမှလည်းစားချင်​စိတ်​ မရှိဘူးဖစ်​​နေမိတယ်​...အိပ်​​ရေးပျက်​တဲ့အ​ကြောင်းကိုလည်း မျက်​ကွင်းညို​တွေကတဆင့်​ မြင်​​နေရတယ်​...Kit အသက်​မဲ့​နေသလို ခံစား​နေရတယ်​...Ming ရဲ့မမှတ်​မိခြင်းက Kitကို ဒီ​လောက်​ ယူကျုံးမရဖစ်​​စေမယ်​လို့ Kitမထင်​ခဲ့မိဘူး...
ဒီ​နေ့လည်း ဘာမှထူးမခြားနားပဲ အရင်​လိုအတန်းတတ်​ဖို့ Kitထွက်​လာခဲ့တယ်​...ဒါ​ပေမဲ့ သူတတ်​တဲ့ ​ဆေးတက္ကသိုလ်​ဘက်​ကို သွားရမဲ့အစား သတိလက်​လွတ်​နဲ့ Mingတတ်​​နေတဲ့ အင်ဂျင်​နီယာဋ္ဌာနဘက်​ကို ​လျှောက်​လာခဲ့မိတယ်​...တစုံတ​ယောက်​က ပုခုံးကိုထိလိုက်​မှပဲ Kitသတိပြန်​ဝင်​လာခဲ့တယ်​...
Kit​နောက်​ကိုလှည့်​လိုက်​ပီး Mingကို စိတ်လွတ်​​နေတဲ့မျက်​နှာနဲ့ စိုက်​ကြည့်​​နေမိတယ်​...ဒီတ​ယောက်​ကတကယ့်​Mingပဲလား... ဒါမှမဟုတ်​ မရှိတာကိုပဲ ငါကအမြင်​မှားပီး မြင်​​နေမိတာလားလို့လည်း ​Kit​တွေးလိုက်​မိတယ်​...
#Ming : "ခင်​ဗျား ဒီကိုဘယ်​လိုလုပ်​​ရောက်​​နေတာလဲ... ကျွန်​​တော့်​ကို ​နောက်​​ယောင်​ခံလိုက်​​နေတာလား..."
Mingမျက်​နှာထားတင်းတင်းနဲ့ ​မေးလိုက်​​မိ​ပေမဲ့ ခုနသူရှိ​နေတာကို Kitလုံးဝမမြင်​ပဲ ​ကျော်​သွားတာကို​တော့ အံ့သြ​နေမိတယ်​...
Kitမျက်​​တောင်​ကိုမြန်​မြန်​ ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ပီး ပတ်​ဝန်းကျင်​ကို ​သေချာလှည့်​ကြည့်​လိုက်​မိတယ်​...သူသွားရမဲ့လမ်း​ကြောင်းမှားပီး လာခဲ့မိတာကိုသတိထားမိ​တော့မှ မျက်​လုံးပြူးသွားခဲ့တယ်​...
#Kit : "ငါဒီကိုဘယ်​လို​ရောက်​​နေတာပါလိမ့်​..."
Kitသူ့ကိုယ်​သူတိုးတိုး​လေး​ပြောလိုက်​​ပေမဲ့ Mingကြားဖစ်​​အောင်​ ကြားလိုက်​ရတယ်​...
#Ming : "ဒီကိုဘယ်​လို​ရောက်​​နေတာလည်းဆိုတာ ဘာအဓိပ္ပါယ်​လဲ...ခင်​ဗျားမှာပျံဖို့အ​တောင်​ပံမှမရှိတာ အဲ့​တော့ လမ်း​လျှောက်​ပီး လာတယ်​ဆိုတာအသိသာကြီးပဲ​လေ..."
Ming ရွဲ့ပီး​ပြောလိုက်​တယ်​...
#Kit : "ငါ​​ပြောတဲ့အ​ဓိပ္ပါယ်​က...ငါရဲ့တက္ကသိုလ်​ကိုသွား​နေရာက​နေ... ငါဒီကိုဘယ်​လိုလုပ်​​ရောက်​လာတာလဲ???"
Kit​စိတ်​​တွေရှုပ်​လာပီး ​ခေါင်းခါလိုက်​ရင်း ​ခြေလှမ်း​တွေကိုပြန်​​ကွေ့ပီး လမ်း​လျှောက်​လာခဲ့တယ်​...
#Ming : "ခန​လေး...ခင်​ဗျားအဆင်​​ပြေရဲ့လား..."
Ming Kitရဲ့လက်​ကိုလှမ်းဆွဲပီးတားရင်း ​မေးလိုက်​​တော့...
#Kit : "ငါအဆင်​​ပြေပါတယ်​...ဒါ​ပေမဲ့မင်းက​တော့အဆင်​မ​ပြေဘူး ထင်​တယ်​...မင်းဘယ်​လိုလုပ်​ငါ့ကို​မေ့နိုင်​ရတာလဲ...မင်းဘယ်​လိုလုပ်​..."
Kit​ပြောလက်​စစကားကိုရပ်​ပီး လမ်းဆက်​​လျှောက်​ခဲ့တယ်​...
သူ့တက္ကသိုလ်​ဘက်​ကို သွားတဲ့လမ်းမှန်​​ပေါ်မှာ​ရောက်​​နေ​ပေမဲ့ Kitခုချိန်​ထိ သတိလက်​လွတ်​​လျှောက်​​နေမိတုန်းပဲ...တခြား အ​ဆောက်​အဦးဘက်​ကိုသွားဖို့ လမ်းကူးလိုက်​တဲ့အချိန်​ သတိမထားပဲ ကူးလိုက်​တာ​ကြောင့်​ သူ့ဆီဦးတည်​လာ​နေတဲ့ကားကို Kitမမြင်​လိုက်​မိဘူး...
#Ming : "P'Kit!!!"
Ming​အော်​လိုက်​ပီး Kitကိုလမ်း​​ပေါ်က​နေလှမ်းဆွဲလိုက်​တယ်​...
လှမ်းဆွဲရာက​နေ ဖက်​ထားသလိုဖစ်​သွားရင်း Kit ထိခိုက်​မိတာရှိမရှိကို စစ်​​ဆေး​နေမိတယ်​...ဒါ​ပေမဲ့Kitမျက်​ရည်​​တွေဝိုင်းပီး စိုက်​ကြည့်​​နေတာကို​ ​တွေ့လိုက်​​တော့ Mingစစ်​​ဆေး​နေရာက ရပ်​သွားမိတယ်​...
#Kit : "မင်းလိမ်​တယ်​...မင်းငါ့ကိုမှတ်​မိ​နေရဲ့သားနဲ့ မင်းငါ့ကိုလိမ်​တယ်​...ဘာလို့ငါ့ကို မမှတ်​မိချင်​​ယောင်​​ဆောင်​ရတာလဲ... ဘာလို့လဲ..."
Ming ရဲ့အ​ဖြေကို​စောင့်​ရင်း Kitရဲ့ပါး​ပေါ်ကို မျက်​ရည်​​တွေ တလိမ့်​လိမ့်​ကျလာခဲ့တယ်​...
#Ming : "ကျွန်​​တော်​လိမ်​တယ်​ဆိုတာ ဘာအဓိပ္ပါယ်​လဲ...ခင်​ဗျား ဘယ်​သူဆိုတာကျွန်​​တော်​မသိဘူးလို့ ​ပြောပီးသား​လေ..."
#Kit : "မင်းငါ့နာမည်​ကို ​အော်​လိုက်​တယ်​​လေ...မင်း ပီပီသသနဲ့ အကျယ်​ကြီး​အော်​လိုက်​တာကို ငါ​သေချာကြားလိုက်​တယ်​..."
Kitယုံကြည်​ချက်​ရှိရှိနဲ့​ပြောလိုက်​တယ်​...
#Ming : "ကျွန်​​တော်​ထင်​တာ​တော့ ခင်​ဗျားအခု ထင်​​ယောင်​ထင်​မှား ဖစ်​​နေတယ်​ထင်​တယ်​...ခင်​ဗျားရဲ့ကျန်းမာ​ရေးကို ဂရုစိုက်ရင်​ ​ကောင်းလိမ့်​မယ်​...ပီး​တော့ပတ်​ဝန်းကျင်​ကိုလဲ သတိထားပီး သွားလာသင့်​တယ်​...ကျွန်​​တော်​ခင်​ဗျားကို ကယ်​ဖို့ဒီမှာရှိ​နေတာ ခင်​ဗျားကံ​ကောင်းသွားတယ်​..."
Ming​ပြောပီးတာနဲ့ Kitမတားနိုင်​ခင်​မှာပဲ သူ့ရဲ့တက္ကသိုလ်​ဘက်​ကို မြန်​မြန်​ပြန်​​ပြေးသွား​တော့တယ်​...

Crd.deebamanja
Trans by Me(#MCopter)

I Know He Is Cute But He Is MineWhere stories live. Discover now