Arthit တို့လဲ....ကိုယ်ရဲ့ department တေကို သွားဖို့ လူစုခွဲလိုက်ကြတော့သည်။
ARTHIT နဲ့ beam က အင်ဂျင်နီယာ ဌာန က အင်ဂျင်နီယာ ကျောင်းသားတေပါ။
Wayo နဲ့ kit ကတော့ ဆေးကျောင်းသားတေပေါ့အင်ဂျင်နီယာ ဌာန
×××××××××××××Arthit နဲ့ beam လဲ yo တို့နှစ်ယောက်နဲ့ လမ်းခွဲပြီး သူတို့ရဲ့ စာသင်ခန်းကို ဝင်လာခဲ့ကြသည်။ သူတို့တေ စာသင်ခန်းထဲရောက်လို့ ခနပဲကြာသေးသည်။ သူတို့ရဲ့ ဆရာ Oak က မျက်မှန်ကြီးတ ပ်ပြီး စာအုပ်ကို လက်မှာကိုင်ကာ...အခန်းထဲသို့ ဝင်လာတော့သည်။
သူတို့လဲ...ဆရာဝင်လာ၍ အကုန်လုံး အာရုံတေက အတန်းရွေ့ရောက်သွားကြသည်။ ဆရာက တယောက်ထဲ ဝင်လာခြင်း မဟုတ်ပဲ.....သူ့နောက်မှာ ကျောင်းသားသစ်လို့ ထင်ရတဲ့ ကောင်လေး နှစ်ယောက်ပါ ပါလာလေသည်။
ဆရာက " ကဲ....ကျောင်းသားတေ...မင်တို့ အတန်းကို ကျောင်းသားအသစ်နှးယောက် ရောက်လာတယ်" " ပြီးတော့ ပုံမှန်အတိုင်းပဲ လက်ခံမယ်လို့ မျှော်လင့်တယ်နော်" ဟု မျက်မှန်ကြီး ပင့်ကာပြောလိုက်လေသည်။
ကျောင်းသားတေကလဲ တက်ညီလက်ညီနှင့် " ဟုတ်" ဟု ပြန်ပြောလိုက်ကြသည်။
ဆရာက ကျောင်းသားသစ်တေဘက်သို့လှည့်ကာ...မင်းတို့ဘာသာ မိတ်ဆက်လိုက်ကြဟု ပြောလိုက်သည်။
နှစ်ယောက်ထဲက နဲနဲပိန်တဲ့ကောင်လေးက ပြုံးပြီး " ငါ့နာမည်က kong ပါ...နာမည်အပြည့်အစုံကတော့ kong suthiluk ပါ.." လို့ပြောပြီး ခါးကို ညွှတ်ပြီး နှုတ်ဆက်လိုက်တော့ ကောင်မလေး တေက သူ့ကို သဘောကျနေတဲ့ မျက်လုံး လေးတေနဲ့ ကြည့်နေလေတော့သည်။
ထိုကောင်လေးပြီးသွားတော့ ကျန်တဲ့ ကောင်လေးကလဲ...
" ငါ့နာမည်ကတော့ forth, forth darvid ပါ..." လို့ပြောပြီး ကောင်မလေးတေဘက်ကို လှည့်ကာ မျက်စိမှတ်ပြလိုက်ပြီး ကောင်လေးတေဘက်ကိုတော့ မျက်လုံး ကို ဝေ့ကြည့်လိုက်သည်။
သူတို့ မိတ်ဆက်ပြီး သွားသည်နှင့် ဆရာ Oak က မျက်မှန်ကြီးကို ပင့်ကာ ဝင်ပြောလိုက်သည်။
"Kong က Arthit ဘေးမှာ....Forth က Beam ဘေးမှာ ထိုင်လိုက်ပါ....ကဲ...arthit နဲ့ beam မတ်တတ်ရပ် ပြလိုက်ပါအုံး" လို့ ပြော၍ arthit တို့လဲ...ထရပ်ပြလိုက်ရသည်။သူတို့ ထရပ်တာကို မြင်တော့ ကျောင်းသားသစ် နှစ်ယောက်က သူတို့နားကို လျှောက်လာနေကြသည်။