Chen, DoYoung, Johny, Jaehyun - Hope

3.7K 44 9
                                    


■ ငါမမြင်နိုင်ခဲ့ဘူး...
ငါ့ရဲ့ဘေးနား..အမြဲတမ်းရှိနေတဲ့...
လူတွေကို..မေ့လို့ထားပြီး..
တစ်ယောက်ထဲလို့ထင်နေခဲ့ပြီးတော့...

■ ငါတစ်ယောက်ထဲ..ပင်ပန်းတယ်လို့..
စဉ်းစားမိလိုက်တိုင်းလဲ... မေ့လို့သွားတယ်..
ငါ့ကို အားအင်ပေးတဲ့ လူတချို့ကိုလည်း...

□ အခုကတော့.. စိတ်လှုပ်ရှားပြီး ပင်ပန်းလည်း..
မလဲကျပဲ...အရှုံးမပေးပဲ ချက်ချင်းပြန်ထ...
မနက်ဖြန်အကြောင်းကို ကြိုတွေးလို့...
အလုပ်နဲ့..အချစ်မှာ ကျရှုံးလည်း..
ဘယ်အရာမှ မင်းကို အောက်ဆုံးရောက်အောင်
ဆွဲမချနိုင်ပါဘူး...

□ မင်းလည်းသိသားနဲ့..
ကမ္ဘာကြီးမှာ မင်းတစ်ယောက်ထဲမှ မဟုတ်ဘဲနဲ့..
ဝမ်းနည်းလည်း...စိတ်မပျက်နဲ့....
အားလုံး အတူတူ ကြိုးစားစို့... အဲ့တာကြောင့်
မင်းရဲ့လက်တွေကို အခု..ဖြန့်ထုတ်လိုက်တော့...

● လက်တွေကို ဆုပ်ကိုင်ထားပါစို့...
ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါအုံး..
ငါတို့အတူတူရှိတဲ့ ကမ္ဘာကြီးရဲ့ ..ပုံရိပ်ကို
မြင်ရလို့...
တောက်ပလွန်းတဲ့...နေရောင်....
အရမ်းကို လှပလွန်းတယ်မလား...
တစ်ယောက်နဲ့တစ်ယောက်အားပေးလို့...
လက်တွေအချင်းချင်း.. ဆုပ်ကိုင်ထားပါစို့...

■ ငါတို့ရဲ့ ဘေးနားကိုကြည့်ရင်းနဲ့..
ရင်ထဲ နာကျင်နေပေမဲ့...
မြင်ရတဲ့ကမ္ဘာကြီးက...မုန်းတီးမှုနဲ့
နာကျင်တာတွေ ပြည့်လို့နေ....

■ တစ်ယောက်နဲ့တစ်ယောက်..အရမ်းမုန်းပြီး...
နာကျင်အောင်လုပ်ကြတယ်...
ငါတို့စိတ်ကို ပွင့်ပွင့်လင်းလင်း ပြောကာ..
အချစ်တွေပဲ မျှဝေကြစို့လား....

□ ငါတို့က တစ်ယောက်နဲ့တစ်ယောက်
တဖြည်းဖြည်းချင်း...အချစ်တွေ ပြလည်း..
အမုန်းတရားများပဲ ကြီးထွားလာတယ်..
တဖြည်းဖြည်းချင်းနဲ့..
စိတ်ဆိုးတယ်.. အကြောင်းအရင်း မရှိပဲ...
ပြီးတော့ ရန်ဖြစ်တယ်.. အနာတရတွေနဲ့...

□ ငါတို့ရဲ့ အိမ်မက်နဲ့ မျှော်လင့်ချက်..
လှလွန်းတဲ့ ကမ္ဘာကြီးကိုမြင်တွေ့ရဖို့ အတွက်..
ငါတို့.. ဒီနေရာမှာ အတူတူ ရှိနေကြတယ်..
ငါတို့...rookies Yeah Let's party!

● လက်တွေကို ဆုပ်ကိုင်ထားပါစို့...
ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါအုံး..
ငါတို့အတူတူရှိတဲ့ ကမ္ဘာကြီးရဲ့ ..ပုံရိပ်ကို
မြင်ရလို့...
တောက်ပလွန်းတဲ့...နေရောင်....
အရမ်းကို လှပလွန်းတယ်မလား...
တစ်ယောက်နဲ့တစ်ယောက်အားပေးလို့...
လက်တွေအချင်းချင်း.. ဆုပ်ကိုင်ထားပါစို့.....

● မျက်လုံးတွေ ဖွင့်ထားလို့..
မင်းရှေ့က ကမ္ဘာကို ကြည့်လိုက်အုံး...
ငါ့တို့တွေ အတူတူရှိကြတယ်..
လက်တွေဆုပ်ကိုင်ရင်းနဲ့ပေါ့...
ကြောက်လန့်ခြင်းတို့မရှိပဲ....
ဝမ်းနည်းမှုလည်း မရှိ....
ငါတို့အားလုံးရဲ့စိတ်ထဲ...
ပျော်ရွှင်မှုရဲ့သော့ချက် ရှိနေလို့...

● ငါတို့အားလုံးစိတ်ထဲ....
ပျော်ရွှင်မှု.........
သော့ချက်ရှိနေလို့...

●○●○●○●○●○●○●○●○●○●○●○●○●○●○●○

A/N. (ဒီသီချင်းလေးက စိတ်ဓာတ်ကျနေတဲ့အချိန်နားထောင်ရင် အားတွေပြန်ပြည့်လာသလိုပါဘဲ .. SM Entertainmentက Artistsတွေရဲ့ အသံ ပါဝါကောင်းကောင်းနဲ့ သီဆိုထားကြတဲ့ သီချင်းဖြစ်တဲ့ အတွက် နားထောင်ရင်း ကြက်သီး တွေတောင်ထနိုင်ပါတယ် (နဲနဲပိုသွားပြီ😉) ဘာပဲဖြစ်ဖြစ် အရမ်းနားထောင်လို့ကောင်းတဲ့ သီချင်းပါ😁ပထမဆုံး ဘာသာပြန်တာဆိုတော့ အမှားတွေပါနေပါသေးတယ်...🙏 အတတ်နိုင်ဆုံးတော့ကြိုးစားပြီး ဘာသာပြန်ထားပါတယ်😊 Colour Coded Versionကနေတဆင့်ဘာသာပြန်ထားတာဖြစ်လို့ အမှားပါရင် ခွှင့်လွှတ်ပေးကြပါ...🙏)

Kpop Songs Myanmar Translations(Sing Along) ❤Where stories live. Discover now