အခန်း၁

4.3K 163 1
                                    

ရုပ်ထဲက သူမရဲ့မျက်​နှာဟာ
အလွန်​ကိုလှပ​နေခဲ့သည်
ကျောလည်​ဆံပင်​​တွေကို
အ​ပြောင်​သိမ်းကာ
သရဖူ​သေးတစ်​ခုက ​ခေါင်း​ပေါ်မှာ
ပုခုံး​အောက်​နားဝဲကျ​နေသည့်
ပုဝါပါးဖြူ ​လေးနှင့်
ကာလာစုံတင်​ထားသည့်
မျက်​နှာမှာ နှုတ်​ခမ်းတစ်​စုံက​တော့
ပြုံးချင်း​တောင်​မရှိ
လူတကာအားကျရ​သော
ရုပ်​ရှင်​မင်းသမီး ပိုးကု​ဋေမမနှင့်
စီးပွား​ရေး​လောကမှာ
အောင်​မြင်​မှု တသီတ​ပွေ့ယူထားနိုင်​​သော
လူငယ်​​လုပ်​ငန်းရှင်​ ရှိုင်းသီဟမှူးတို့၏
မင်္ဂလာပွဲမှာ ​ပျော်​​ရွှင်​​နေခဲ့သူဟာ
ရှိုင်းသီဟမှူး သာဖြစ်​​ပေလိမ့်​မည်

"ပိုး" စိတ်​တိုင်းကျရဲ့လား
Madeupပြင်​ပေးတဲ့ အမရဲ့စကားကြားမှ

"အင်း ရပြီ"

"ပိုး"လို့​ခေါ်သံကိုကြားတိုင်းလဲ

"လူတကာက "ပိုး"လို့​ခေါ်ကြတာ​လေ
မ​ခေါ်ချင်​ပါဘူး "ကု​ဋေ"လို့​ခေါ်ခံမလား
"Bae"လို့အ​ခေါ်ခံမလား
ချီချီက​တော့ bae လို့ဘဲ​ခေါ်ချင်​တယ်​"
ဆိုပြီး ပူဆာခဲ့သည့်​ သူမမျက်​နှာက
မျက်​လွှာချထားရင်း​တောင်​​ပေါ်လာပြန်​ပြီ

ယခုမှ ချထားတဲ့မျက်​လွှာ​လေး
ပင့်​ကြည့်​မိ​တော့
ဘေးနားမှာ အဖြူ​ရောင်​ဂါဝန်​ဝတ်​စုံများနှင့်
သတို့သမီးအရံလုပ်​မည့်
မိန်း​က​လေးများ

"ကြည့်​ပါဦး လူတကာချစ်​ကြတာလဲမ​ပြောနဲ့
မမပိုးက သိပ်​လှတာဘဲ"

"အဲ့တာ​ကြောင့်​ ကိုကြီးရှိုင်းက
မရမကယူထား​တာ​ပေါ့"

"ဆင်​တူဝတ်​စုံချင်းအတူတူ​တောင်
ကိုယ်​​တွေဝတ်​စုံကအ​ရောင်​မှိန်​​နေတယ်​"

ကု​ဋေ ပြုံးရုံသာ ပြုံးပြမိသည်
အဖြူ ​ရောင်​ဆင်​တူဝတ်​စုံ​လေး​တွေကိုကြည့်​ရင်း

"ကု​ဋေ ဒီမှာကြည့်
Chinaမှာ မိန်းက​လေးအချင်းချင်း
လက်​ထပ်​တာတဲ့
ဂါဝန်​ ပန်း​ရောင်​ဆင်​တူ​လေးနဲ့
လှလိုက်​တာ" ​ပုခုံး​ပေါ်​မေးတင်​ရင်း
"ချီချီတို့ ကျရင်​​တော့
အဖြူ ​ရောင်​ဝတ်​မယ်​​နော်
အဖြူ​ရောင်​ဂါဝန်​ ဆင်​တူ​လေးဝတ်​ရ​အောင်​"
လို့​ပြောပြီး အရူးလိုရီပြခဲ့တဲ့သူမ...

နောင်​တWhere stories live. Discover now