အခန်း၅(ဇာတ်​သိမ်း)

3.1K 156 8
                                    

ကော်​​ဇော်​နီ​လျှောက်​လမ်းကြီး
တစ်​ဖက်​တစ်​ချက်​က
ထိုင်​ခုံ​တွေမှာ လူအပြည့်
ကျွန်​မ ​နောက်​ဆုံးလူလွတ်​ခုံ​လေးမှာ
ဝင်​ထိုင်​လိုက်​သည်

9နာရီထိုးရန်​ငါးမိနစ်​အလို
စီးပွား​ရေး​လောကက
ဒိတ်​ဒိတ်​ကြဲ ​ယောက်ျားတစ်​​ယောက်​နဲ့
ကျွန်​မချစ်​ရသူနဲ့လက်​ထပ်​ပွဲဟာ
ထည်​ဝါလွန်း​နေသည်
ယောက်ျားမိန်းမ အချစ်​ကမှ
အချစ်​စစ်​လို့ခံယူထားတဲ့လူ​တွေကလည်း
ကောင်းချီး​ပေးဖို့ရန်​အသင်​​စောင့်​​နေပြီ
လူ​တွေဟာ အချစ်​လို့​ပြောတာနဲ့
ယောက်ျားနဲ့မိန်းမဘဲတွဲမြင်​တက်​သလား?

အပြုံးမမည်​တဲ့ အပြုံးတစ်​ခုကို​ဆောင်​ပြီး
အဖြူ ဝမ်းဆက်​နဲ့သတို့သားကို
ကြည့်​မိသည်
ကံ​ကောင်းဆုံးလူသားပါ
ကျွန်​မဘဝမှာ ရှင်​ဟာ
ကံ​အ​ကောင်းဆုံးလူသား
ကျွန်​မအဖြစ်​ချင်​ဆုံးအရာ​ကို
ဖြစ်​ခွင့်​ရှိတဲ့ ကံအ​ကောင်းဆုံးလူသား
ချော​မောသန့်​ပြန့်​တဲ့ ထိုလူရုပ်​သွင်​ကို
ကြည့်​ရင်း ကု​ဋေကျွန်​မကို​မေ့သွားမှာပါ

ထိုအချိန်​ခန်းမထဲကို
အဖြူ​ရောင်​ဝတ်​ဆုံနဲ့​ကောင်​မ​လေး
တစ်​​ယောက်​​ပြေးဝင်​လာပြီး
အားလုံးအကြည့်​​တွေဟာ
ထို​ကောင်​မ​လေး​ပေါ်မှာ

"ဟို ပိုး မရှိ​တော့ဘူး
ချစ်​တဲ့သူနဲ့ ​ပေါင်းဖက်​ခြင်းဟာ
အပြစ်​ဆိုလျှင်​ ထိုအပြစ်​သာခံမည်
မချစ်​သူနှင့်​ လက်​မတွဲနိုင်​ပါတဲ့

ဒီမှာ စာထားခဲ့တယ်​"

ကောင်​မ​လေး​ထောင်​ပြလိုက်​တဲ့
စာ​ရွက်​ကိုကြည့်​ပြီး​နောက်
ကျွန်​မ တိုက်​ခန်းကိုသွားကြည့်​ရမယ်
ကု​ဋေ ကျွန်​မကို​ပြောခဲ့ဖူးတဲ့စကားတစ်​ခွန်း

"နင်​နဲ့ငါနဲ့ချစ်​တာ အပြစ်​ဖြစ်​​နေလား
ချီချီ အကယ်​၍ အပြစ်​ခဲ့ရင်
အဲ့အပြစ်​ကိုဘဲခံယူမယ်
ငါ​ပြောင်းမချစ်​ချင်​ဘူး
နင်​လည်း​ပြောင်းမချစ်​ရဘူး
ငါ့ကိုထားလည်းမသွားရဖူး အင်း
နင်​ငါ့ကိုထားသွားရင်
ဒီအ​ပေါ်ထပ်​က​နေ ငါခုန်​ချလိုက်​မယ်​"
ကျွန်​မရီကာ သူမနှဖူးကို​တောက်​ခဲ့သည်
"အရူးမ နင့်​ဘဝ​ပေးရ​အောင်​တန်​လား"
"တန်​တယ်​ ချီချီ သိပ်​ကိုတန်​တယ်​"
ထိုစကား​တွေရဲ့အဆုံးသတ်​ဟာ
သိပ်​လှပတဲ့ အနမ်းတစ်​ပွင့်​သာ
သိပ်​ကို ပီတိဖြစ်​ခဲ့ရ​သော
ထိုစကားများကို အတည်​မဖြစ်​​စေချင်

မင်္ဂလာ ခန်းမထဲက
ကျွန်​မ​ပြေးထွက်​ခဲ့မိသည်
စိတ်​ထဲက​နေ ​ပြော​နေမိတာက​တော့
မလုပ်​နဲ့ ကု​ဋေ
မိုက်​ရူးရဲဆန်​ဆနိ မဆုံးဖြတ်​နဲ့ အရူးမရဲ့
ငါ့အလာကို​စောင့်​ဦး​နော်
ငါ​လေ နင့်​ကိုချစ်​တယ်​ဆိုတာ​တောင်
မ​ပြောရ​သေးဘူး
နင့်​ဘဝကို ပို​ကောင်းစား​စေချင်​လို့ပါ
ကု​ဋေရယ်​ နင့်​ကိုပို​တောက်​ပ​စေချင်​ခဲ့တာ

"ဘုန်း"

လဲကျသွားတဲ့
ကိုယ်​ခန္ဓာကိုပြန်​မတ်​လျက်
ခုချိန်​ ကျွန်​မခန္ဓာဘာဖြစ်​​နေလဲ
ဂရုမစိုက်​နိုင်​​တော့ပါ
ထပ်​​ပြေးခဲ့တယ်
ကု​ဋေဆီကို ကျွန်​မအမြန်​​ရောက်​မှဖြစ်​မယ်
ကု​ဋေ... ကု​ဋေ....

မျက်​ရည်​​တွေပိတ်​ဆို့​နေတဲ့
အမြင်​အာရုံဟာ ဝါးတားတား
ပြေး​နေရင်း ရပ်​တန့်​သွားတဲ့
ခြေလှမ်း​တွေဟာ
ပေတရာလမ်းမထက်
အနီ​ရောင်​​သွေးအိုင်​ထဲ
ငြိမ်​သက်​ကာ
လဲ​နေသည့်
အဖြူ​ရောင်​​ခန္ဓာကိုယ်​​လေး​ကြောင့်သာ

ကု​ဋေ........

သူမကို​လေးကို​ပွေ့ချီလျက်

ကု​ဋေ ကု​ဋေ...

ငါ့အမှား​တွေပါ ..

ငါမှားခဲ့တာ..

ငါမှားခဲ့တာပါ ကု​ဋေရယ်​..

အဖြူ​ရောင်​ဂါဝန်​နဲ့​ကောင်​မ​လေးကို
အနက်​​ရောင်​အင်္ကျီနဲ့
ကောင်​မ​လေးဟာ ​ပွေ့ဖက်​ရင်း
ငိုရှိုက်​လျက်​...

နောက်​ဘဝဆိုတာများရှိခဲ့ရင်​​လေ
နင့်​ဒီလိုနာကျင်​မခံစားရပါ​စေနဲ့ကု​ဋေ
ငါ့လိုလူမျိုးနဲ့ မ​တွေ့ပါ​စေနဲ့​တော့....




Thank for reading.☺

နောင်​တWhere stories live. Discover now