သုံးထပ်တိုက်ခေါင်မိုးလေးပေါ်ကနေ
မြင်နေရတဲ့ အထပ်မြင့်တိုက်ကြီးတစ်ခုကို
ငေးကြည့်မိတယ်
" X Hotel"
အင်း ဒီနေ့ အဲ့ဟိုတယ်ရဲ့
Ballroom မှာ ကျွန်မအချစ်ရဆုံး
မိန်းကလေးဟာ ယောက်ျားတစ်ယောက်
လက်ကိုဆွဲပီး ဘဝသစ်တစ်ခုကို
လျှောက်လှမ်းတော့မှာ
ပါးပြင်ပေါ်ကျလာတဲ့ မျက်ရည်တွေကို
ခပ်ကြမ်းကြမ်းဖယ်ထုတ်လိုက်ပြီး
မျက်လုံးတွေမှိတ်ချပစ်လိုက်တော့
ကြိမ်းစပ်နေတဲ့ မျက်ဝန်းတွေ
ငိုနေခဲ့မိတာ
ဘယ်အချိန်ကတည်းကလဲ
မနေ့ညက သူမ ဆီက
ပြန်လာပြီးကတည်းက
ဘယ်အချိန်ကျနေမှာလဲ မျက်ရည်တွေရယ်"မနက်ဖြန် ငါ့မင်္ဂလာပွဲကို
ဆက်ဆက်လာခဲ့"ဘယ်အချိန်ဖြစ်ဖြစ်
သူမဘယ်လိုတောင်းဆိုဆို
ဘယ်တော့မှမငြင်းခဲ့မိတဲ့ကျွန်မ
ဒီအချိန်လဲ မငြင်းခဲ့မိပါ
သော်တာပန်းချီဆိုတဲ့ကျွန်မဟာ
ပိုးကုဋေမမ ရဲ့ စကားခွန်းတိုင်းကို
မငြင်းဆိုခဲ့ ဟင့်အင်း မငြင်းဆိုနိုင်တာပါ
အခုလည်း သူမကလာခဲ့ဆိုတဲ့ပွဲကို
ကြွေမွတဲ့ နှလုံးသားတွေပွေ့ပိုက်ရင်း
တက်ရဦးမှာပေါ့
ပြိုလဲနေတဲ့သူရဲ့ခြေထောက်ကို
ထပ်ရိုက်ချိုးချင်သေးတာလား ကုဋေရာ
အသည်းကွဲပါပြီဆိုမှ
သူများလက်ထဲ ရောက်သွားမယ့်
ကိုယ့်ချစ်သူရဲ့မြင်ကွင်းကို
ကြည့်ခိုင်းစေချင်သေးတာလား
စိတ်ချပါ ကျခဲ့ရသမျှမျက်ရည်တွေက
အဲ့အချိန်ကျရင်တော့ ခြောက်သွားမှာပါ
ခြောက်ကောင်းပါရဲ့......Social mediaတစ်ခုပေါ်ရောက်သွားတဲ့
နှစ်ယောက်တွဲပုံလေးတစ်ခုကြောင့်
ကျွန်မသိပ်ချစ်ရတဲ့ သူမဟာ
အခြားလူတစ်ယောက်လက်ကို
ကိုင်ဆွဲရတော့မယ့်အထိဆိုးဝါးခဲ့တာလား?အင်း ကျွန်မအတွက်တော့
အထူးဆန်းမဟုတ်ခဲ့
ကုဋေဟာ အမြဲကျွန်မနှုတ်ခမ်းတွေကို
နမ်းနေကြပါ
နမ်းနေတဲ့ပုံလေးတစ်ခုအောက်မှာ
commentလာပေးတဲ့စကားလုံးတွေဟာ
ညင်သာမှုမရှိခဲ့
အကုန်လုံးတော့မဟုတ်ပါ
အချို့တစ်ဝက်ကအကောင်းဆိုပေမဲ့
အများစုဟာတော့ အဆိုး
နှမချင်းကိုယ်ချင်းမစာ
ငါကိုင်တုပ်ထားတဲ့စကားတွေ
အောက်လုံးထဲကမထွက်ပြောဆိုကြတဲ့
စကားတွေ
ကျွန်မကိုပြောသမျှခံနိုင်ပေမဲ့
ကုဋေကိုအများဆုံး ဦးတည်တဲ့
commentတွေကိုတော့
ကျွန်မသည်းမခံနိုင်ပါ
ရွံတယ် ဆိုတဲ့စကားဟာ
လူကို ကားနဲ့ပစ်တိုက်ခံလိုက်ရသလို
နာကျင်စေတယ်အနုပညာရှင်တစ်ယောက်
အထူးသဖြင့် ကုဋေလို မင်းသမီး
တစ်ယောက်ကို ဝိုင်းကြည့်နေတဲ့
မျက်လုံးတွေမနည်း
အဲ့တာကိုမှ သူမက
သူမpageမှာ အဲ့ပုံတင်လိုက်ရတယ်လို့"ရွံတယ်" လူတွေကအတော်ခက်တယ်
ပုံကိုဘဲမြင်ပြီး
ပုံအပေါ်က 8years anniversary ဆိုတဲ့
စာသားကိုမမြင်ရော့သလား
8နှစ်တာ သံယောဇဉ်ဆိုတာကို
ထည့်မတွက်ဘဲ ပုံလေးကို
ခွဲခမ်းစိတ်ဖြာနေကြတာ
အတွေးကြီးတွေးကြီး
အိပ်ယာပေါ်ကကိစ္စတွေပါ
ညစ်ညစ်ညမ်းညမ်းပြောလာတဲ့အထိ
မဟုတ်ဘူး ကျွန်မဟာကုဋေကိုချစ်ခဲ့တာ
သွေးသားဆန္ဒဖြည့်ဆည်းချင်လို့
ရိုင်းရိုင်းပြောရရင် သူတို့ပြောသလို
လိင်ကိစ္စတစ်ခုအတွက်မှမဟုတ်ခဲ့တာ
ချစ်ခြင်းမှာ မြတ်နိုးချင်းလေးပေါင်းပြီး
ငေးကြည့်ရတာနဲ့ကြေနပ်ခဲ့တာမျိုး
ပင်ပန်းမှုတွေရင်ဖွင့်ရင်း
ငိုချင်တဲ့ဟာ ပုခုံးလေးငှါးမိတာမျိုး
ပျော်စရာတွေဝေမျှပြီး အတူရီခဲ့တာမျိုး
သူမချက်တဲ့ထမင်းဟင်းလေးကို
နှစ်ယောက်အတူလက်ဆုံစားချင်တာမျိုး
သူမကို မိတ်ကပ်ပြင်ပေးပြီး
အင်္ကျီလေးရွေးပေးခဲ့ရုံ
အင်္ကျီဇစ်လေးတွေတပ်ပေးခဲ့ရုံပါ
အိပ်ရာပေါ်ရောက်ခဲ့ရင်တောင်
တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ရင်း
ရုပ်ဆိုးမလို့စကာ သူမရင်ခွင်ထဲ
တိုးဝင်အိပ်ခဲ့ရုံပါ
နှုတ်ခမ်းလေး ထိကပ်နမ်းမိရုံပါ
ထိုအပြုအမူလေးနဲ့တင်ဘဲ
ရွံစရာလူသားဖြစ်သွားခဲ့တာလား?မသိတော့ဘူး ကုဋေရာ
ဖြစ်နိုင်ရင် ငါပျောက်ကွယ်သွားလိုက်ချင်ပြီ
အတွေးတွေလက်စသပ်ရင်း
ရေချိုးခန်းထဲ ဝင်ခဲ့မိတော့"ချီချီ ဆပ်ပြာခွက်ထဲ ရေမဝင်စေနဲ့
ဘယ်နှခါပြောရမလဲ!""ချီချီ သွားတိုက်တံကို
ခွက်ထဲသေချာထည့်ပါဆို!""ချီချီ တဘက်ကို ရေသုပ်ပြီး
အပြင်ထုတ်လှမ်းလို့!""ချီချီ မျက်နှာသစ်ဆေးကုန်တာမပြောဘဲ
ဆပ်ပြာတွေနဲ့ တိုက်နေပြန်ပြီလား
မျက်နှာကို
နင့်မျက်နှာ အဖုတွေပေါက်မယ်!"Bathtubထဲ ခေါင်းနှစ်ချလိုက်ပြီး
မေ့ပစ်ချင်ပြီ
မေ့သွားရင်ကောင်းမယ်
နင့်အသံတွေအခုထိနားထဲကြားနေရသေးတယ်....
ငါရူးသွားပြီထင်တယ်
ငါရူးသွားပြီ.....Thank for reading☺
DU LIEST GERADE
နောင်တ
Romantikမိန်းကလေးနှစ်ယောက်ကြားက အချစ်အကြောင်း ပုံဖော်ထားတာပါGirl×Girl ရုပ်ရှင်သရုပ်ဆောင် အဆိုတော်"ပိုးကုဋေမမ" ဘဝမှာ မကြုံဖူးတဲ့အချစ်ဆိုတာဟာ မျက်စိလည်လမ်းမှားပြီး ကြိုတင်သတိပေးခြင်းမရှိ ဝင်ရောက်လာခဲ့သည် သိုပေမဲ့ ထိုအချစ်ဟာ တေ...