အခန်း၃

1.8K 118 0
                                    

ရေချိုးပြီး
အဝတ်​စားလဲဖို့
အဝတ်​ဗီရိုကိုဖွင့်​​တော့

"ဟွန့်​ နင့်​အဝတ်​စား​တွေကလဲ
အ​ရောင်​​တွေကဖုံတုံတုံနဲ့
ဒိတ်​​အောက်​ကြီး​တွေ"

နှာ​ခေါင်းရှုံကာ ဆိုခဲ့တဲ့သူမ
စကားသံ​လေးကြားမိ​သေး
အနက်​​ရောင်​ ​ဘောင်းဘီ​နဲ့
Hoodieနက်​​လေး တွဲဝတ်​ကာ
အနက်​ဝမ်း​ဆက်​နဲ့ ကျွန်​မဟာ
ကု​ဋေနဲ့ ဆန့်​ကျင်​ဖက်​ဖြစ်​​နေလိမ့်​မယ်

အခန်းထဲမှာဘဲရှိတဲ့
စတူဒီယိုအခန်း​လေးကြည့်​ပြီး
သီချင်း​တွေတိုက်​ကြတဲ့​နေ့ကို
အမှတ်​ရမိ​သေး

"ကု​ဋေ ဆို​ပေး​နော်​"

သီချင်းစာရွက်​ကိုသာကြည့်​ပြီး

"နင့်​သီချင်းက​ကောင်းမှမ​ကောင်းတာ"

"ဟာ bae​လေးရယ်
အခြားအဆို​တော်​​တွေက
ဝယ်​ချင်​တာ​တောင်​ မ​ရောင်းဘဲ
Baeကိုဘဲဆိုခိုင်းချင်​လို့
ထား ထားတဲ့သီချင်းကို"

"မသိဘူး ငါနဲ့သိပ်​မကိုက်​​လောက်​ဘူး"

"မဆိုနဲ့ဟာ ​ပေး​တော့"

သီချင်းစာရွက်​ပြန်​လုပြီး
ဆိုဖာ​ပေါ်​ခေါင်းမှီချကာ
မျက်​နှာ​ပေါ် စာရွက်​တင်​လျက်
မျက်​စိ​တွေမှိတ်​ထားမိသည်
ကု​ဋေ ဆိုတဲ့ ကျွန်​မချစ်​သူက
အနည်းဆုံး ကျွန်​မကိုမထိတထိနှိပ်​စက်​ရမှ
ကျေနပ်​သူ​လေ
သူများ​တွေလို လက်​ဝါးနဲ့ရိုက်​ချဒါမျိုး
မဟုတ်​ဘဲ အဲ့ထက်​ပြင်းတဲ့
စကားလုံး​တွေနဲ့ အနိုင်​ယူတက်​သူပါ

"ချီချီ ချီချီလို့ ချီချီ ချီချီ..."

"စိတ်​ဆိုးသွားလား..
မဆိုးနဲ့​တော့​လေ ငါဆိုပါ့မယ်
ဒီအတိုင်းစလိုက်​တာကို
အဲ့လိုကြီးငြိမ်​မ​နေနဲ့​လေ"

လက်​​မောင်းကိုကိုင်​ဆွဲကာ
သူမ​ချော့မှ ကိုယ်​ကပို​ကောက်​ပြချင်

"အဲ့​လောက်​​ဈေးမကိုင်​နဲ့​တော့
ရော့ဂစ်​တာ ..နင်​တီး ငါဆိုမယ်
ဟုတ်​ပြီလား"

ကျွန်​မတီး​ပေးတဲ့သီချင်းကို
သူမကိုယ်​တိုင်​ဆိုခဲ့သည်
ဒါဟာနှစ်​​ယောက်​ကြားကအမှတ်​တရ

နောင်​တWhere stories live. Discover now