ကျမ ၏ ကြယ်လေးဆီသို့

206 25 0
                                    

သို့.......
ကြယ်လေးရေ.....

ဒီနေ့ concept ကြီး ဖျော်ဖြေတယ်နော်......သိပ်ခမ်းနားတာပဲကြယ်လေးရယ်...

ကိုကြားတယ်....ကကွက်မှားလို့ ကြယ်လေးမျက်ရည်ကျတဲ့အကြောင်း.....

မငိုပါနဲ့ ကြယ်လေးရယ်...
မငိုလိုက်ပါနဲ့....
ကြယ်လေး အကောင်းဆုံး အတော်ဆုံး အလိုက်ဖက်ဆုံးဖျော်ဖြေသွားတာပါကြယ်လေးရေ....မငိုလိုက်ပါနဲ့.....

တာဝန်ကြေပါတယ်ကြယ်လေးရေ....
အကောင်းဆုံးကကွက်တွေကြားမှာ ကြယ်လေးတာဝန်ကြေပါတယ်....

ကြယ်လေးရေ.....
မင်းက အလင်းလက်ဆုံးပါ မင်းက အတောက်ပဆုံးပါ
မငိုပါနဲ့ ကိုယ့်ကိုကို မနိုမ့်ချပါနဲ့
တာဝန်မကျေဘူးလို့ နည်းနည်းလေးတောင်မတွေးပါနဲ့ကြယ်လေးရေ...

ဒီလောကကြီးထဲ စပြီးတောက်ပပေးလိုက်ကတည်းက...
ကြယ်လေးရဲ့တာဝန်ရ အစွန်းဆုံးထိကြေပြီးသားမို့လို့ မငိုလိုက်ပါနဲ့... ..

ကိုမရောက်လာနိုင်တဲ့ ပွဲကြီးထဲ မှာ ကျတဲ့ ကြယ်လေးရဲ့ မျက်ရည်ကို သုတ်ပေးဖို့ လက်တစုံ ကမ်းဖို့တောင် ကို့မှာ....
ကို့လိုလူမှာ အင်အားမရှိလို့.....
အခုလိုစာစုလေးပဲရေးပေးနိုင်တယ်ကွယ်......

ကိုကသာ တာဝန်မဲ့သူပါ....
ကိုကသာညံ့ဖျင်းသူပါ....
ကိုက အချစ်က လွဲလို့ကျန်တာမတတ်နိုင်သူပါကြယ်လေးရေ.....

ကို တတ်နိုင်တဲ့ အချစ်တွေကိုတော့ ဖောဖောသီသီ ထည့်ပြီး စာလေးရေးလိုက်တယ်...

ကြယ်လေး မျက်ရည်မြေမခပါစေနဲ့ကွယ်....

#Eylxion
#for_kim_kai

စက္ကူ ငှက်နှင့်ရွက်လွှင့်သည်Where stories live. Discover now