ငယ် ဟန်နီ့ကိုလွမ်းတယ်..
တခါမှ အနီးကပ်မရှူရှိုက်ခဲ့ဘူးတဲ့ ဟန်နီ့အငွေ့အသက်တွေကိုလွမ်းတယ်...
ဟန့်နီ့မေးရိုးထင်းထင်း.....
ဖြူဥနေတဲ့အသားအရေ.....
ငယ် ထိတွေ့ နိုင်မှာမဟုတ်တဲ့ ဟန်နီ့လက်ချောင်းသွယ်လေးတွေ.....လွမ်းတယ်...ဟန်နီက ပျော်ရဲ့လား ငယ်လို့မေးတိုင်း
ခပ်ပြုံးပြုံးခေါင်းငြိမ့်မယ်....
ဟန်နီ က သူမနဲ့ လက်ထပ်ပေါ့.....ဟန်နီ ဟာ ငယ့်ရဲ့ အချစ်ဦးဖြစ်တယ်
အချစ်ဆုံး ဖြစ်တယ်
နောက်ဆုံးချစ်ရသူဖြစ်တယ်....ငယ်ကတော့....ဟန်နီ့အတွက် fan girl သက်သက်ဖြစ်မယ်....
ပျော်ပါစေဟန်နီ....
ဟန်နီ နင်းထားတယ်လို့ယူဆရတဲ့ ဆာကူရာတစ်ချို့ကို ပုလင်းငယ်ထဲကောက်သိမ်းထားတယ်...
ငယ်ခံစားဖူးတဲ့ အနီးကပ်ဆုံး ဟန်နီ့အငွေ့အသက်ပေါ့.....အဆင်ပြေပါရဲ့လားဟန်နီ.....
အဆင်ပြေပါရဲ့လား.......မေးရင်း နဲ့ ပဲ ဖြေးဖြေးခြင်း ဝေးကြတာပေါ့ဟန်နီရယ်....