ကျွန်မဟာ...နာကျင်ခြင်းတွေကို ပျော်ဝင်နေတာ မဟုတ်ကြောင်း....
နာကျင်ခြင်းတွေကိုနာမှန်းသိရက်နဲ့ခါးစီးခံနေတာဖြစ်ကြောင်း
ဟန်နီ နားလည်အောင်မရှင်းပြဖြစ်တော့ဘူး....ကျွန်မဟာ တိမ်တွေမှာ ဟန်နီပေါ်လာမလားလို့မျှော်ငေးနေတာမျိုးမဟုတ်ပဲ...
မြင်နေရသော်လည်းဝေးကွာတဲ့ တိမ်နဲ့အလားသဏ္ဍာန်တူတဲ့ ဟန်နီ့အကြောင်းမမေ့တမောတွေးမိနေကြောင်း...ဟန်နီ နားမလည်ခဲ့ဘူး...တစ်ပုဒ်ထဲ ထပ်တလဲလဲနားထောင်နေတာ..
လွမ်းဆွေးဆွေးသီချင်းတွေကိုမဟူတ်ပဲ...သီဆိုတဲ့ ဟန်နီ့အသံကို ဖြစ်တဲ့အကြောင်းဟန်နီနားလည်မှာမဟုတ်ဘူး....လှမ်းလာတဲ့ခြေလှမ်းတိုင်းက ဝေးကွာသွားကြောင်း.....
ဖမ်းဆုပ်မယ်ကြံတိုင်းပျောက်ကွယ်သွားတတ်ကြောင်း....ဟန်နီ နားလည်စေမဲ့ ဘာသာစကားဟာ ကျွန်မအတွက်မရှိခဲ့ဘူးထင်ရဲ့...
ဟန်နီ့ မျက်ဝန်းတွေကိုကြည့်ရင်း ပြောစရာနာကျင်မှုများဟာ စွန့်အသွားခဲ့...
ပြုံးနေတာဟာ မနာကျင်လို့မဟုတ်ကြောင်း....ဟန်နီ သိဖို့မကြိုးစားတော့ဘူး..ကော်ဖီ ခါးခါးကို ကြိတ်မှိတ်သောက်နေတာဟာ...ဟန်နီကြိုက်တတ်တဲ့ အရသာတွေကိုနီးစပ်စေဖို့ကြိုးစားနေတာဖြစ်ကြောင်းပြောဖြစ်တော့မယ်မထင်ဘူး...
နေပါစေတော့ ဟန်နီရယ်...
ကျူးလစ်တွေလည်းသေကုန်ပီ...
ကြယ်တွေလည်းမကြွေတော့ဘူး..
ကျွန်မနဲ့ဟန်နီဟာလည်းမနီးတော့ဘူး...ဒီတိုင်း.....ဒီတိုင်းလေးပေါ့ ဟန်နီရယ်..
ရှင်သန်ပြီး သေဆုံးကြတာပေါ့..
နာကျင်ခြင်းတွေနဲ့...
ရှင်သန်ရင်း သေဆုံးကြတာပေါ့...သေ....ဆုံး....ကြ....တာ......ပေါ.....ဟန်နီရယ်