ခင်ဗျားပျော်လား လာဗန်ဒါ
ကျွန်တော်တော့မပျော်ဘူး
ပိန်သွားတယ်နော် ခင်ဗျားနေကောင်းလားလွမ်းဖူးလား လာဗန်ဒါ
ကျွန်တော်တော့လွမ်းဖူးတယ်
ခင်ဗျားကိုရင်ဘတ်ထဲထည့်ထားပြီး တိတ်တဆိတ်လွမ်းရတာ သိပ်ခံရခက်တာပဲ
Romeoနဲ့Julietလို တခမ်းတနားလွမ်းမပြပေမဲ့
လွမ်းတယ်လို့တဖွဖွပြောမနေပေမဲ့
အိပ်မက်နံရံတွေအထိ ခင်ဗျားလာတံခါးခေါက်သွားတယ်လာဗန်ဒါ
ကျွန်တော်လေ သိပ်ကိုခံရခက်တာ...ခင်ဗျားဘာတွေကြိုက်လဲ လာဗန်ဒါ
ကျွန်တော့်ကိုပြောပါ
ကျွန်တော်ခင်ဗျားအကြောင်းတွေပိုသိချင်တယ်
ခင်ဗျားကြောင်တွေချစ်တတ်လား
ဒါမှမဟုတ်ခွေးချစ်တာလား
ငယ်ငယ်တုံးက အရမ်းအဆော့သန်တာပဲလား
သိချင်တယ် လာဗန်ဒါ
ခင်ဗျားရဲ့နှလုံးသားထဲကို လမ်းလျှောက်ခဲ့ချင်တာ...အဓိပတိလမ်းကလှတယ်နော် လာဗန်ဒါ
စကားမစပ် ကျွန်တော်ခင်ဗျားရဲ့ကောင်မလေးဖြစ်လို့ရမလား
ဟောဟိုကနေမင်းကြီးထက် ကျွန်တော့်နှလုံးသားကပိုကြီးတယ်
တစ်ဘဝစာ unlimited love packageပေးမှာမလို့
ကျွန်တော့်ကောင်လေးဖြစ်ပေးပါ...ခြေလှမ်းနည်းနည်း...
တကယ့်ကိုနည်းနည်းလေးပဲတိုးလာပါ လာဗန်ဒါ
ခင်ဗျားနှလုံးသားထဲအထိကိုယ်ဆက်လျှောက်ခဲ့မယ်
အမြဲတမ်းမဟုတ်ရင်တောင်မှ
တစ်ခါတစ်လေလောက်တော့ ခင်ဗျားကိုသေမတတ်လွမ်းနေတဲ့ကလေးမကို သတိရပါ...#crd_willow